📌spoiler include📌
Unicode
"ကမ်င်ဂျီအွန်းရှီး ထပ်တွေ့ပြန်ပီနော်"
ဂျီအွန်း မက်သရူးအသံကိုကြားလိုက်သော်လည်းဘာမှပြန်မဖြေမိ...
သူ ကျွေးလက်စ အစာတွေကိုသာ လမ်းဘေးကြောင်လေးတွေကိုကျွေးနေမိသည်..."ကျွန်တော် ကမ်င်ဂျီအွန်းကိုလိုက်ရှာနေတာပါ"
"ကိုယ့်ကိုလား"
မက်သရူးကခေါင်းငြိမ့်ပြလာသည်....
"ကျွန်တော် ကိုကိုနဲ့သူ့အကြောင်းကိုသိချင်လို့"
"ကိုယ်မပြောပြနိုင်ဘူး သိချင်ရင် ကာယကံရှင်တွေစီကပဲမေးကြည့်လိုက်ပါ"
မက်သရူးအစကတည်းကသိပီးသားပင် သူပြောမှာမဟုတ်မှန်း...
သို့သော် ကိုကိုကရော ကျန်းဟာအိုကရော ဒီအကြောင်းတွေသူ့ကိုပြောပြမည်တဲ့လား...
အနည်းဆုံးတော့သူသိချင်တယ် ဘာလို့ ကိုကိုက ကျန်းဟာအိုကိုသိပ်ချစ်ရပေမဲ့ထားခဲ့ရတာလဲဆိုတာ...
သူသိချင်တယ် ဘာလို့ကိုကိုကကျန်းဟာအိုကိုတောင်းပန်ပါတယ်မပြောနိုင်တဲ့အထိ အပြစ်ရှိတဲ့စိတ်တွေခံစားနေရတယ်ဆိုတာ....
တခါတလေ ဘာကိုမှမသိရပဲ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတဲ့ကိုကို့ကိုမြင်ရတာ သူ့အတွက်လဲအဆင်ပြေနေတာမဟုတ်.."ကျွန်တော်တကယ်သိချင်တာပါ ကျွန်တော့ကိုပြောပြပေးပါ"
"ကိုယ် ဟန်ဘင်းကိုကတိပေးထားတယ်
ဘယ်သူ့ကိုမှမပြောပြဖို့ ကိုယ်အဲ့ဒီကတိကိုတည်ရလိမ့်မယ်"ထိုအျိန်က ဟန်ဘင်းကသူ့ကိုအကြောင်းအရာတွေအကုန်ပြောပြသော်လည်း သူဒီနှစ်တွေမှာအကိုလေးကိုပြောမပြနိုင်ခဲ့တဲ့အကြောင်းအရင်း ဟန်ဘင်းကမပြောပြခိုင်းတဲ့အကြောင်းအရင်းက အကိုလေးသိသွားရင်ငြိမ်နေမှာမဟုတ်ဖူးဆိုတာသိလို့ပေ...
အကိုလေးက သူ့အသက်ကိုတောင်မငဲ့ပဲ ဟန်ဘင်းနဲ့နေဖို့ကိုပဲရွေးချယ်ပေလိမ့်မည်...
.
.
.
.
.
.
.
.
.
.
"Boss projectအပြင်ကိုပေါက်ကြားသွားပီ!!"အစောတလျင်ရောက်လာပီး ပြောတဲ့မန်နေဂျာဟာ သူ့ရဲ့လက်ထဲက laptopကို ဟန်ဘင်းစီကိုပြလိုက်သည်...
သူတို့ရဲ့ပြိုင်ဘက်ကုမ္ပဏီက သူနှစ်ရှည်လများ လုပ်ထားတဲ့ designကိုတပုံစံထဲထုတ်လိုက်တာပင်...
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp