19

598 55 11
                                    

Unicode

"ဟန်ဘင်း ဆေးသောက်ဖို့အချိန်ရောက်ပီ"

ဟန်ဘင်းရဲ့အကြည့်တွေမှာအထီးကျန်ဆန်မှုတွေအပြည့်ပင်...

"ဟန်ဘင်း..."

"ရှူး အကိုအိပ်နေတယ်လေ"

ဘယ်သူမှမရှိသည့် အိပ်ရာပေါ်ကခေါင်းအုံးကို ဖြေးညင်းစွာပွတ်သပ်ရင်း ဟန်ဘင်းကပြောလာသည်...

ဟန်ဘင်းဆေးရုံဆင်းတာ တစ်နှစ်ပြည့်ခါနီးပီဆိုပေမဲ့ အားလုံးအဆင်ပြေလာတာတော့မဟုတ်ပေ...
တခါတလေ ဟန်ဘင်းကတနေကုန်အိပ်နေတတ်သည်...
တခါတလေ ဘယ်သူမှမရှိပဲ တစ်ယောက်ထဲစကားတွေပြောနေတတ်သည်...

"ဆေးသောက်ကြရအောင် ဟန်ဘင်း"

ဟန်ဘင်းခေါင်းရမ်းပြသည်...

"ကျွန်တော်ဆေးသောက်ရင် အကို့ကိုဘယ်လိုလုပ်မြင်နိုင်တော့မှာလဲ"

"............"

"ဂျီအွန်းဟျောင်းသိလား အကိုကလေ သိပ်ရက်စက်တယ် ကျွန့်တော့ကိုအိမ်မက်ထဲမှာတောင်လာမတွေ့ဘူး
အကို့ကို မြင်နိုင်ဖို့ ကျွန်တော့မှာ ဒီလိုစိတ်ကူးယဉ်ပိုင်ခွင့်လေးပဲရှိတော့တာ"

နာကျင်နေရတဲ့ ဟန်ဘင်းကိုကြည့်ရင်း ဂျီအွန်း အကိုလေးကိုပေးခဲ့တဲ့ကတိကိုဖောက်ဖျက်ချင်မိသည်..
သို့သော် အကယ်၍ ဟန်ဘင်းသာ ဒီအကြောင်းကိုသိပီးမှကိစ္စတွေကအဆင်မပြေခဲ့ဘူးဆိုရင် ဟန်ဘင်းရဲ့အခြေအနေပိုဆိုးသွားပေလိမ့်မည်...

"ဂျီအွန်းဟျောင်း ကျွန်တော် အကိုနဲ့အတူနေခဲ့တိ့အိမ်ကိုသွားချင်တယ်"

"အင်း သွားကြတာပေါ့"
.
.
.
.
.
.
.
.
"ဂျီအွန်းဟျောင်း ဒီနေရာက ချယ်ရီအပ်ငဘယ်ရောက်သွားတာလဲ"

ဂျီအွန်းဘာမှပြန်မ‌ဖြေမိ...

"အကို ဖျက်ဆီးခိုင်းလိုက်တာလား"

"ဟုတ်တယ် ဒါပေမဲ့ သူမင်းအတွက် ပစ္စည်းတခုချန်ပေးခဲ့တယ်"

ဂျီအွန်း ကားထဲက ဖန်အိမ်ထဲမှာစိုက်ထားတဲ့အပင်ပေါက်လေးကိုထုတ်ယူလာပြလိုက်သည်...

"အဲဒီချယ်ရီပင်ရဲ့ မျိုးစိတ်ကိုယူပီး အကိုလေးစိုက်ခဲ့တာ"

'Even if our love is a mistake....'Where stories live. Discover now