11

705 70 23
                                    

Unicode

"မက်သရူး...!!!"

သူ့ရဲ့ရှေ့မှာလဲကျသွားတဲ့သရူးရဲ့ခန္ဓာကိုယ်ဟာသွေးအိုင်ထဲတွင်လဲလျက်သား...
မက်သရူးကိုတိုက်ခဲ့သည့်ကားကတော့ သူ့နှင့်မဆိုင်သလိုထွက်ပြေးသွားသည်...

"မက်သရူး မက်သရူး"

သူသွေးရူးသွေးတမ်းမက်သရူးနာမည်ကိုသာအော်ခေါ်နေမိသည်...
မက်သရူးကိုရင်ခွင်ထဲမှာထည့်ထားရင်း သူ့ကိုထားမသွားပါနဲ့လို့သာပြောနေမိသည်...
မက်သရူးကသူ့ကိုကြည့်ရင်း ပြုံးသည်..
ထို့နောက် မက်သရူးကိုဘယ်လိုမှခေါ်လို့မရတော့ပေ..

"မက်သရူး!!!!"

*တီ တီ*

ဟန်ဘင်း ကားဟွန်းတီးသံကြောင့်နောက်ကိုလှည့်ကြည့်တော့ ကားပေါ်ကအကိုဂျီအွန်းကဆင်းလာသည်...

"အကိုဂျီအွန်း"

ဟန်ဘင်းအရင်တုန်းကလိုအားကိုးရသွားသလိုမျိုး အကိုဂျီအွန်းရောက်လာချိန်မှာခံစားလိုက်ရသည်...

"ဟန်ဘင်း ငါမင်းတို့ကိုဆေးရုံလိုက်ပို့ပေးမယ်"

ဟန်ဘင်း မက်သရူးကိုအကိုဂျီအွန်းကားပေါ်ပွေ့တင်လိုက်သည်...
တလမ်းလို့ မက်သရူးကိုရင်ခွင်ထဲမှာထားထားပီး သူ့ရဲ့လက်ချောင်းဖြူဖြူတို့ကိုဆုပ်ကိုင်ကာ မျက်ရည်ကျမိသည်..
အကုန်သူ့အမှားတွေသာ...
ဒီကလေးရော အကိုရောမှဘာအပြစ်မှရှိတာမဟုတ်..
သူကနှစ်ယောက်လုံးကိုနာကျင်စေခဲ့မိသည်...

သူ့ဘ၀မှာအကာကွယ်ပေးချင်ဆုံးလူနှစ်ယောက်သာရှိသည်...
အကိုရယ် မက်သရူးရယ်
မက်သရူးက သူ့ရဲ့ဘ၀အမှောင်မိုက်ဆုံးအခြေအနေမှာသူနဲ့အတူရှိနေပေးခဲ့တဲ့တစ်ဦးတည်းသောသူ...
သူဘယ်လိုလုပ် မက်သရူးကို ဒီလိုဖြစ်တာမြင်ချင့်ပါ့မလဲ...

သူမက်သရူးလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်...

"မက်သရူး ကိုယ့်ကိုထားမသွားပါနဲ့
မင်းပါမရှိရင် ကိုယ်တကယ် ကိုယ်တကယ် ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့ဘူး"

ဂျီအွန်း ကားမှန်ကနေ နောက်ခန်းမှာ ငိုကြွေးပီးမ‌ဖြည်ဆည်နိုင်ဖြစ်နေတဲ့ သူ့ညီအရင်းလိုခင်ခဲ့ရတဲ့ ဟန်ဘင်းရယ် သူ့ရင်ခွင်ထဲမှာသွေးအလိမ်းလိမ်းဖြင့်လဲနေသည့်ကောင်လေးရယ်ကိုကြည့်လိုက်ရင်း သက်ပြင်းချမိသည်...

'Even if our love is a mistake....'Where stories live. Discover now