Unicode
"ကျန်းဟာအိုကို အလုပ်နေရာကနေဖယ်လိုက်လို့ရမလား ကိုကို"
ကိုကိုကသဘောမတူသည့်အကြည့်ဖြင့်ကြည့်လာသည်...
"မက်သရူး ကိုယ်ပြောဖူးပါတယ်
အလုပ်နဲ့ကိုယ်ရေးကိုယ်တာမရောဖို့"ဟုတ်ပါသည်..
ကိုကိုကကုမ္မဏီမှာဆိုရင်အမြဲ CEOဟုသာခေါ်စေပီး သူ့ကိုလဲ ဒါရိုက်တာဆော့လို့သာခေါ်သည်.."ကျွန်တော်သိပါတယ်
ဒါပမေဲ့ ကျွန်တော်နိုင်ငံခြားမှာprojectကိစ္စလုပ်နေတဲ့အချိန် ကိုကိုနဲ့သူ့ကို ဘယ်လိုလုပ်စိတ်ချထားနိုင်ခဲ့ပါ့မလဲ""ကိုယ်ကဖောက်ပြန်မဲ့လူမျိုးလား မက်သရူး"
"သူနဲ့ကနေ့တိုင်းမျက်နှာချင်းဆိုင်နေရမှာလေကိုကို
သူ့အေပါ် ကိုကိုစိတ်မပြတ်နိုင်သေးတာတော့ ကျွန်တော်ပြောပြဖို့လိုမယ်မထင်ဘူး"ဟန်ဘင်းက မက်သရူးခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း...
"စိတ်ချလက်ချသွားပါ မက်သရူး
ကိုယ် အကို့ပေါ်ကိုစိတ်မပြတ်နိုင်သေးရင်တောင် အရင်ကဇာတ်လမ်းတွေကိုပြန်ဆက်ဖို့စိတ်ကူးမရှိပါဘူး"မက်သရူး ကိုကိုပြောသည်ကိုဦးေနှာက်ကအပြည့်အ၀ယုံကြည်မပေးနိုင်သော်လည်း ကိုကိုကို့ချစ်တဲ့နှလုံးသားလေးကတော့ မျက်စိမှိတ်ကာယုံပေးနေမိသည်...
'ကိုကို သူ့ကိုဆက်ချစ်လို့ရပါတယ်
ဒါပေမဲ့ အဲဒီအချစ်တွေကိုထုတ်ဖော်မပြပါနဲ့
ကိုကို့ကိုကျွန်တော်တစ်ယောက်ထဲကပဲပိုင်ရမယ်ကိုကို
ကိုကို့စီကအချစ်ကိုမရရင်တောင် ကိုကိုကတော့ကျွန်တော့အပိုင်ပဲ'ဟန်ဘင်းကိုယ်တိုင်လဲမက်သရူးကိုပြောသလို ကျန့်ဟောက်နဲ့ဇာတ်လမ်းပြန်စဖို့စိတ်ကူးမရှိပါပေ..
စိတ်မကူးရဲဘူးဆိုလျှင်ပိုမှန်ပေလိမ့်မည်..
မက်သရူးကိုမနာကျင်စေတာကြောင့်ရော...
အကိုကို့မထိခိုက်စေချင်တာရောပါသည်..
အကယ်၍သာ ထိုလူ အကိုပြန်ရောက်နေတာသိသွားပါက......
ဟန်ဘင်းဆက်ပင်မတွေးရဲတော့ပါပေ....'ဆောင်းဟန်ဘင်း မင်းငါပြောတဲ့စကားကိုမြဲမြဲမှတ်ထားလိုက် ဒီဘ၀တစ်ခုလုံး မင်းနဲ့သူနဲ့မနီးစေရဘူး
မင်းနဲ့သူနဲ့နီးစပ်ခဲ့ရင် မင်းကိုငါသတ်ပစ်မှာမဟုတ်ဖူး မင်းရှေ့မှာသူ့ကိုသတ်ပြမှာ
ငါမလုပ်ရဲဘူးလို့မင်းမထင်လိုက်ပါနဲ့'
.
.
.
.
.
.
.
.
.
"ရစ်ခီ
ငါမင်းအပေါ်တောင်းဆိုတာတွေလွန်မှန်းသိပေမဲ့
မျက်နှာပြောင်တိုက်ပီး ထပ်တောင်းဆိုပါရစေ
ကင်ထယ်ရယ့်ကိစ္စကို မင်းကပဲဆက်လုပ်ပေးပါ"
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp