Note
အောက်မှာ mini epပါပါတာမို့ အောက်ဆုံးထိဖတ်ပေးပါနော်...
ဒီတခါ စာလုံးရေအများကြီး အပိုင်းအရှည်ကြီးရေးပေးထားပါတယ်
______________________________________Zawgyi
အခန်းထဲဝင်လာတဲ့ မျက်နှာရင်းနှီးဖူးပီးသားဖြစ်သည့် jiwoongဆိုသူနှင့်အသားဖြူဖြူဆံပင်အရောင်ဆိုးထားသူတစ်ဦး....
"ကိုကို ဆေးရုံဆင်းဖို့သွားပြင်နေတာပါ
ခနလောက်ထိုင်စောင့်ပါဦး"Jiwoongဆိုသူရဲ့လက်ထဲမှာ အနီရောင်နှင်းဆီပွင့်တွေ...
"မင်းအတွက် အကိုလေးပေးခိုင်းလိုက်တာပါ
ပီးတော့ပြောလိုက်ပါသေးတယ်
မြန်မြန်ကျန်းမာပါစေတဲ့"မက်သရူး အနီရောင်နှင်းဆီပန်းစည်းကို ယူလိုက်သည်...
"လူကြီးမင်းကျန်းဟာအိုကို ကျေးဇူးတင်ကြောင်းပြောပေးပါဦး ပီးတော့ ဒီကအက်ုjiwoongက ကျွန်တော့ကိုသွေးလှူပေးခဲ့တယ်လို့ကြားပါတယ် ကျေးဇူးပါ"
Jiwoongဆိုသူကခေါင်းငြိမ့်ပြရုံသာငြိမ့်ပြသည်..
Jiwoongနောက်မဇာပါလာတဲ့ ဆံပင်အရောင်ဆိုးထားတဲ့သူကတော့ ဘာအမူအရာမှမပြပဲ မက်သရူးကိုသာစူးစူးရဲရဲကြည့်နေသည်...ခနအကြာမှာ အခန်းထဲကို ဆရာဝန်တစ်ယောက်ယောက်လာသည်...
သူ့ကိုမက်သရူးသိသည်..
အပြုံချိုချိုနဲ့ မက်သရူးကိုဂရုစိုက်ကေးတဲ့ဆရာဝန် ကမ်ထယ်ရယ်...
ဒါပေမဲ့ အဲဒီဆရာဝန်က အခန်းထဲကထိုသူ(ဆံပင်ဆိုးထားသူ)ကိုမြင်တာနဲ့ ကျောက်ရုပ်တခုအသွင်ပြောင်းသွားသည်...
ပီးတော့သူ့ပါးစပ်ကထွက်လာတဲ့နာမည်..."Ricky.."
ထိုသူကလည်း ထိုဆရာဝန့်ဘက်ကိုကြည့်ပီး သူ့ရဲ့အိပ်ကပ်ထဲက noteစာရွက်ပေါ်မှာတခုခုကိုချရေးလိုက်သည်...
ထို့နောက် ထိုစာရွက်ကိုဆရာဝန်လေးရဲ့လက်ထဲကိုထည့်ပေးပီး Jiwoongနဲ့အတူအခန်းပြင်ကိုထွက်သွားတော့သည်...'ကျွန်တော် ဆရာဝန်လေးစီကိုဒီနေ့မလာနိုင်လောက်ဘူး'
ထယ်ရယ် လက်ထဲကစက္ကူကိုဖတ်ပီးနောက် ပြန်သိမ်းထားလိုက်သည်...
Ricky့မှာ Cancerရှိနေတယ်လို့ကြားပီးရကတည်းက သူricky့ကိုနှင်မထုတ်နိုင်တော့...
လိမ်ပြောနေတာလားလို့တွေးမိပေမဲ့ အကယ်၍ဆိုတဲ့စကားလုံးကသူ့ကိုထပ်ရူးသွပ်စေသည်...
အကယ်၍ Rickyမှာသာကင်ဆာရှိတာအမှန်ဆိုရင် သူအသက်ရှင်ဖို့ကတစ်နှစ်ကျော်လောက်ပဲကျန်နိုင်တော့မယ်...
သူဒီလူ့ကို တစ်နှစ်လောက်ကြာပီးတဲ့အခါ မတွေ့နိုင်တော့မှာတွေးမိတော့ သူဘယ်လိုလုပ်နှင်ထုတ်ရက်မှာလဲ...
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp