4

889 89 10
                                    

Unicode

ဟန်ဘင်း ကားပေါ်ကဆင်းလိုက်သည်နှင့် ပွဲတခုလုံးမှာရှိသမျှ cameraတွေ mediaတွေအကုန် သူ့စီကိုဦးတည်လာကြသည်...
ဆောင်းဟန်ဘင်းဟာ အရပ်မြင့်မြင့်နဲ့ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့်အပြင် ဘေးမှာရပ်နေသည့် koreaနိုင်ငံရဲ့ Canada သံအမတ်ရဲ့သားဖြစ်တဲ့ဆော့မက်သရူးကိုပါစေ့စပ်ထားသေးပြန်သည်...
ဆော့မက်သရူးရဲ့ပိုင်ဆိုင်မှုတွေမပါလျှင်ပင်ကို ဆောင်းဟန်ဘင်းရဲ့ Koreaနိုင်ငံမှာတင်မက ကမ္ဘာ့ဈေးကွက်မှာပါလွှမ်းမိုးနေရာယူထားနေသည့်Dear violinist jewelry companyကိုကြည့်ခြင်းဖြင့် သူဟာ အသက်အငယ်ဆုံးဖြင့်အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ မည်သူမျှငြင်းနိုင်မည်မဟုတ်...

တော်တော်များများကဆိုကြသည်...
ဆောင်းဟန်ဘင်းကအရင်ဘ၀ကနိုင်ငံကိုကယ်တင်ခဲ့လို့ဟာ ဒီလိုအကောင်းတကာ့အကောင်းဆုံ‌းတွေကိုရရှိခဲ့သည်ဟူ၍...
သို့သော် ဒီလိုဘ၀ကိုရရန် ဘယ်လိုဘ၀မျိုးကိုရှင်သန်ခဲ့ရပီး ဘယ်လိုအရာမျိုးကိုလက်လွှတ်ခဲ့ရလဲဆိုတာ မည်သူမျှမသိနိုင်...

"ကိုကို...
ကျွန်တော်တို့နဲ့အတူတွဲလုပ်မဲ့ violinistနဲ့တွေ့ကြည့်ကြမလား"

ဟန်ဘင်း ခေါင်းငြိမ့်ပြလိုက်သည်...
တကယ်ဆော့ မက်သရူးကိုယ်တိုင်လဲ အလုပ်ကိစ္စတွေကြောင့် တယောပညာရှင်နဲ့ပူးပေါင်းမဲ့အလုပ်အပေါ်အာရုံသိပ်မရခဲ့ပေ...
အခုထိတောင် တယောပညာရှင်ရဲ့ရုပ်ရော နာမည်ရောကိုသိထားခြင်းမရှိ..
သိထားသည်တခုက တယောပညာရှင်က တရုတ်-ကိုရီးယားကပြားတစ်ယောက်ဖြစ်ပီး UKနိုင်ငံမှာအချိန်ကြာပညာသင်ခဲ့သည်ဆိုတာပင်..

ထိုအချက်အလက်ကတစုံတယောက်နှင့် အတော်ပင်တိုက်ဆိုင်သော်လည်း မက်သရူးအဲ့လောက်ထိအတွေးမလွန်ချင်...
ထို့အပြင် ထိုသူရဲ့အရည်အချင်းအရ မက်သရူးတို့ရှာနေသည့် ပုံစံမျိုးဖြစ်‌ေသာကြောင့် လက်လွှတ်မခံနိုင်ပဲ အမြန်စာချုပ်ချုပ်ဖို့ပြင်ခဲ့တာဖြစ်သည်..

"ဒါရိုက်တာSeok
ပူးပေါင်းလုပ်ဆောင်မဲ့Violinist ပါတီကိုရောက်နေပါပီ"

Mask partyဖြစ်တဲ့အတွက်ပွဲအတွင်းရှိလူတိုင်းလိုလို မျက်နှာတခြမ်းကာတဲ့မျက်နှာဖုံးများကိုတပ်ဆင်ထားကြသည်...
ဟန်ဘင်းနှင်းမက်သရူးသည်လည်းအတူတူပင်...
ဟန်ဘင်းက အနက်ရောင် မျက်နှာဖုံးကိုတပ်ဆင်လိုက်ပီး မက်သရူးက အဖြူရောင်မျက်နှာဖုံးကိုတပ်ဆင်လိုက်သည်....
.
.
.
.
.
.
.
.
.
.

'Even if our love is a mistake....'Where stories live. Discover now