17

163 3 0
                                    

Zawgyi

ကျန့်ဟောက်ခလုတ်ကိုနှိပ်လိုက်ချိန် တနည်း ထိုသူခလုတ်ကိုတပြိုင်နက်ထဲနှိပ်လိုက်ချိန်မှာ သူ့ရှေ့ကိုရုတ်ရတ်ရောက်လာတဲ့ဟန်ဘင်း..
သူ့ဘက်ကိုမျက်နှာမူထားတဲ့ ဟန်ဘင်းရဲ့ ဘယ်ဘက်လက်ကိုသူ့ရဲ့ကျည်ဆန်ကဖောက်ထွက်သွားတာကိုမြင်လိုက်ရသည်...
ထိုအတူ ‌အနောက်ဘက်က ထိုလူ့ရဲ့ကျည်ဆန်က ဟ်ဘင်းရဲ့ရင်ဘတ်တည့်တည့်သို့....

"မောင့်!!!!!!"

သူ့အမြန်ပြေးကာ လဲကျနေတဲ့ဟန်ဘင်းကို ရင်ခွင်ထဲထည့်ထားလိုက်သည်...
ဟန်ဘင်းရဲ့အခုလိုပုံစံကိုမြင်ရတာ သူ့အတွက်သိပ်ကိုနာကျင်စရာကောင်းလှသည်...
အထူးသဖြင့် ဟန်ဘင်းကိုဒဏ်ရာရအောင်လုပ်တဲ့သူက သူ(ကျန်းဟာအို)ဆိုတဲ့အဖြစ်မှန်ကပင်ပို၍ပင်နာကျင်စေသည်..
သူ့ရဲ့နာကျင်မှုသက်သေအဖြစ် မျက်ရည်တွေကျလာတော့ အားအင်ချည့်နဲ့နေသည့် ဟန်ဘင်းက လက်ကိုပင်ပင်ပန်းပန်းမြှောက်လာကာ မျက်ရည်သုတ်ပေးရန်ပြင်လေသည်...

"မငိုပါနဲ့ အကို~"

စကားသံကတိုးလွန်းတာကြောင့် ကျန့်ဟောက်ပင် သေချာမကြားရပေ...
ထိုစကားရဲ့အဆုံးမှာ ဟန်ဘင်းရဲ့မျက်ရည်သုတ်ပေးရန်ပြင်နေသည့် လက်တဖက်ဟာ လမ်းတ၀က်မှာပဲမြေပြင်ပေါ်သို့ကျသွားလေတော့သည်...

"မဟုတ်ဖူး..
မောင် ထပါဦး"

".........."

"မောင် ငါ့ကိုဒီလိုမထားခဲ့ပါနဲ့
ဘာလို့လဲ မင်းကဘာလို့လဲ"

ကျန့်ဟောက် ရင်ကွဲမတတ်ခံစားရသည်...
သူဒီလောက်နာကျင်ရတာမျိုးတခါမှမခံစားဖူးခဲ့ပါ..
ဟန်ဘင်းသူ့ကိုထားသွားချိန်က နာကျင်မှုတွေခံစားခဲ့ရသော်လည်း ဒီလောက်ဆိုးဆိုးဝါးဝါးတော့မဟုတ်ပေ..
အခု သူ့ကမ္ဘာတခုလုံးအမှောင်ကျသွားသလို...
သူ့ရဲ့နှလုံးသားတခုလုံးကိုအစိမ်းလိုက်ခွဲထုတ်ခံရသကဲ့သို့နာကျင်နေရလေသည်...

တဖက်မှာ ကြိုးတုတ်ခံထားရဲ့ မက်သရူးကရော....
သူလဲရူးမတတ်ပဲပေါ့...
တကယ်တော့ သူအဖြစ်အပျက်အားလုံးကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာတောင် သူကိုကို့ကိုမတားနိုင်ခဲ့ပေ...
ကိုကို ကျန်းဟာအိုရှေ့မှာ ကာရပ်လိုက်တာကိုသူမြင်ခဲ့သည်...
ကိုကို့ရဲ့ ရင်ဘတ်နှင့်လက်ကိုကျည်ဆန်တွေဖောက်သွားတာကိုမြင်ခဲ့ရသည်...
သို့သော် ပါးစပ်ကိုအုပ်ထားသည့်အ၀တ် ခန္ဓာကိုယ်ကိုတုတ်နှောင်ထားသည့်ကြိုးတို့ကြောင့် တားဆီးနိုင်ခြင်းမရှိခဲ့ပါပေ...

'Even if our love is a mistake....'Where stories live. Discover now