2

960 72 0
                                    

Unicode

"Yujinie အာပါးစီကိုလာပါဦး"

Yujinကျောင်းသွားဖို့ပြင်နေတုန်း အာပါးရဲ့ခေါ်သံကြောင့် တကိုယ်လုံးပင်တုန်တက်သွားသည်...
အာပါးက ယူဂျင်းအတွက်တော့
သိပ်ကြောက်စရာကောင်းတဲ့လူ...
ငယ်ငယ်ကတည်းက မထင်ရင်မထင်သလို
ယူဂျင်းရဲ့အမေကိုရိုက်တတ်ပီး ယူဂျင်းကိုလဲအပြစ်ပေးလေ့ရှိသည်..
ယူဂျင်းအမေက အာပါးရဲ့တရားမ၀င်ဇနီးဖြစ်သည့်အလျောက် ယူဂျင်းဟာလဲ အမေ့ရဲ့မျိုးရိုးနာမည်ကိုသာယူထားသည်...
အာပါးက တရုတ်သွေးစပ်သည့်သွေးနှောဖြစ်ပီးနာမည်က ကျန်းကျစ်ရိဖြစ်သည်...

ယူဂျင်း အာပါးနဲ့အနည်းငယ် အလှမ်းဝေးသည့်နေရာမှာ၀င်ထိုင်လိုက်သည်..

"အာပါးက သားကိုသိပ်ချစ်တာသိတယ်မလား
မင်းရဲ့ဖအေတူမအေကွဲအကိုလိုအချိုး အာပါးကိုမချိုးနဲ့...
မင်းရဲ့ရှုပ်ရှုပ်ရှပ်ရှပ်သတင်းကြားတာနဲ့ မင်းအိုမားဒုက္ခရောက်လိမ့်မယ် ကြားလား!!"

ယူဂျင်းခေါင်းကိုမြန်မြန်ငြိမ့်ပြလိုက်သည်...
ယူဂျင်း ဖအေတူမအေကွဲအကိုဖြစ်သူ ကျန့်ဟောက်ကို ငယ်ငယ်တုန်းကတခါလောက်သာမြင်ဖူးသည်..
သူ့ရုပ်ကိုလည်းယခုအချိန်တွင်မမှတ်မိတော့..
သို့သော်တခါတလေ သူ့ကိုအားကျမိသည်..
အနည်းဆုံးတော့ သူအာပါးစီကလွတ်မြောက်ခဲ့တယ်လေ...

"ယူဂျင်းနီး ဘာတွေတွေးနေတာလဲ"

အနောက်ကရောက်လာတဲ့ အရပ်ရှညရှ်ည်ခပ်ချောချောအမျိုးသားငယ်...
သူ့တဖက်သတ်သဘောကျရတဲ့သူ Kim gyuvin...

"ဘာမှမဟုတ်ပါဘူး အိမ်ကိစ္စလေးပါ"

"ဒီမှာ ယူဂျင်းအတွက် ကိုယ်၀ယ်လာတာ"

ယူဂျင်းလက်ထဲကိုပေးလာတဲ့အဖြူရောင်ယုန်ရုပ်လေး..
ယူဂျင်းသဘောကျလွန်းလို့ ယူမလို့ပြင်လိုက်စဉ် လမ်းပေါ်ကရေကွက်ထဲကနေ ပုံရိပ်တခုကိုမြင်လိုက်ရသည်..
အနက်ရောင် ၀တ်စုံနဲ့အမျိုးသားတစ်ဦးက သူတို့နှစ်ယောက်ကို စောင့်ကြည့်နေခြင်းပင်...
ယူဂျင်းလက်ကိုအမြန် ရုတ်လိုက်ပီး...

"တောင်းပန်ပါတယ် စီနီယာ
ကျွန်တော်သွားစရာလေးရှိသေးလို့"

'Even if our love is a mistake....'Where stories live. Discover now