14

136 2 0
                                    

Zawgyi

"Ricky အခုတလော မင်းကိုခိုင်းထားတဲ့အစီအစဉ်အခြေအနေဘယ်လိုရှိလဲ"

ရစ်ခီ ကျန့်ဟောက်ကို ဖုန်းထဲကနေစာရိုက်ပီး messageပို့လိုက်သည်..

'အဆင်ပြေပါတယ် သခင်လေး
သူ့ဘက်ကတဖြေးဖြေးနဲ့ပြန်ပီးစိတ်လျှော့လာပါပီ'

ရစ်ခီ ဒေါက်တာလေးနဲ့ပြန်တွေ့တဲ့အချိန်နဲ့ အခုအချိန်နဲ့ဆိုရင် အခြေအနေတော်တော်ကွာခြားသွားပီဖြစ်သည်..
‌ပြန်တွေ့တုန်းက ဒေါက်တာလေးဟာသူ့နားကိုလုံးဝအကပ်မခံပဲရှောင်နေခဲ့ပေမဲ့ ကင်ဆာဆိုတဲ့အကြောင်းပြချင်နဲ့ သူ့ဘေးနားကိုပြန်ကပ်ခွင့်ရခဲ့ပီး သခင်လေးအတွက်ပြန်လက်စားချေပေးနိုင်တော့မည်..ဒေါက်တာလေးဟာသူ့နားကိုလုံးဝအကပ်မခံပဲရှောင်နေခဲ့ပေမဲ့ ကင်ဆာဆိုတဲ့အကြောင်းပြချင်နဲ့ သူ့ဘေးနားကိုပြန်ကပ်ခွင့်ရခဲ့ပီး သခင်လေးအတွက်ပြန်လက်စားချေပေးနိုင်တော့မည်..

"သူနဲ့မြန်မြန်အဆင်ပြေအောင်လုပ်ပီး သူ့ကိုရင်ကွဲရတဲ့ခံစားချက်ကိုခံစားစေချင်တယ် ရစ်ခီ
မင်းကူညီမှဖြစ်လိမ့်မယ်"

သေချာတာပေါ့...
ရစ်ခီချစ်ရသူရဲ့စကားကိုဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ...
အကယ်၍ ချစ်ရသူကိုမစေခိုင်းရင်တောင်သူ့အနေနဲ့ချစ်ရတဲ့သခင်းလေးအတွက်ဘာမဆိုလုပ်ပေးဖို့ဆန္ဒရှိသည်...

'ဒေါက်တာလေး ကျွန်တော် မင်းအပေါ်အပြစ်ထပ်ပြုရဦးမှာပဲ
တောင်းပန်တာကိုတော့မလုပ်တော့ပါဘူး
ဒါပေမဲ့ မင်းကတော့ သခင်လေးကိုတောင်းပန်ဖို့လိုတယ်'
.
.
.
.
.
.
.
.
ဟန်ဘင်း jewelry  designအသစ်ထုတ်ဖို့အတွက်အလုပ်ရှုပ်နေတာဖြစ်သည်...
ဒီprojectကို ပြည်တွင်းပြည်ပရှယ်ယာဝင်တွေအပြင် တခြားmediaများကလည်းစိတ်ဝင်စားနေကြသည်မို့ အမှားအယွင်းဖြစ်လို့မဖြစ်ပါ..
ဒီ projectပီးသွားရင် မက်သရူးနဲ့လက်ထပ်ဖို့ကိစ္စကိုအပြီးလုပ်ဖို့စီစဉ်ထားသည်...
သူမက်သရူးကို နာကျင်စေမိတာများပီ...

*‌ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံနဲ့အတူဝင်ရောက်လာတဲ့သူဟာ သူရှောင်နေမိတဲ့သူ...
အကို...

သူအကို့ကိုမြင်လိုက်သည်နှင့်အကြည့်လွှဲလိုက်မိတော့ အကိုက အက်ကွဲနေတဲ့အသံနဲ့ခနဲ့သလိုရယ်သည်...

'Even if our love is a mistake....'Where stories live. Discover now