7

643 75 10
                                    

Unicode

မက်သရူး ရှန်ဟိုင်းကိုအလုပ်ကိစ္စမသွားခင် ဟန်ဘင်းကို ခရီးထွက်ချင်သည်ဟုပြောလာသည်...
ဟန်ဘင်းလည်း မက်သရူးကိုသာ နေရာရွေးခိုင်းလိုက်သည်..
သို့သော် သူမထင်ခဲ့မိသည်က မက်သရူး ဘူဆန်မြို့ကိုရွေးလိမ့်မည်ဟူ၍ပင်...

"ဘယ်လို? ဘူဆန်မြို့ဟုတ်လား?"

"ဟုတ်တယ်လေကိုကို ကိုကိုနဲ့ကျွန်တော်စတွေ့တုန်းကလည်း ဘူဆန်မြိုမှာပဲလေ"

ကိုကိုက ဘာမှပြန်မဖြေပါ...
ကိုကိုနဲ့သူစတွေ့တုန်းက ဘူဆန်-ဆိုလ်းအဝေးပြေးလမ်းမကြီးပေါ်မှာပင်...

ဟန်ဘင်းဘာမှမက်သရူးကိုဘာမှဆက်မပြောပဲ ဘူဆန်မြို့ကိုသာအတူလာလိုက်ကြသည်..
ဟန်ဘင်းအတွက်တော့ ဘူဆန်ဟာ ပြန်မလာချင်ခဲ့ဆုံးနေရာတခုပင်...

"ကိုကို မနက်ဖြန်ဘူဆန် ကမ်းခြေကိုသွားရအောင်"

ဟန်ဘင်းလှုပ်ရှားမှုတွေရပ်တန့်ကုန်သည်..

"ကိုယ်မလိုက်တော့ဘူး မက်သရူး"

ဟန်ဘင်းပြောသည်ကို မက်သရူးက သဘောမတူသည့်အသံဖြင့်...

"လူမရှုပ်ပါဘူး ကိုကိုရယ်
နာမည်သိပ်မကြီးတဲ့ကမ်းခြေတခုပါ အဲ့နားလေးမှာ တောအုပ်သေးသေးလေးလဲရှိတယ်
ပီးတော့ သစ်သားအိမ်လေးတစ်လုံးလဲရှိတယ်"

မက်သရူးရဲ့စကားများကို နားထောင်ရင်း ဟန်ဘင်းမျက်လုံးထဲမှာ ထိုနေရာရဲ့ပုံပန်းသဏ္ဌာန်ပေါ်လာသည်..
ထိုနေရာ...
သူနဲ့အကိုဟာအိုတို့ ထွက်ပြေးခဲ့တဲ့နေရာ..
သူ အကိုဟာအို့ကိုလမ်းခွဲခဲ့တဲ့နေရာ...

ဟန်ဘင်းသွားဖို့ကို ငြင်းဆန်သော်လည်း မက်သရူးကတော့ထိုနေရာကိုသာသွားချင်လေသည်..
နောက်ဆုံးတော့ ဟန်ဘင်းကိုယ်တိုင်ပဲအလျှော့ပေးလိုက်ရပီး ထိုနေရာသို့လိုက်ပါလာခဲ့ရသည်...

"ကိုကို!!
ဒီနေရာကိုရောက်ဖူးတာလား?"

Google mapကြည့်ရင်း လမ်းရှာနေသည့်မက်သရူးထက်ပင် ဟန်ဘင်းကအရှေ့ရောက်နေလေသည်..

"မဟုတ်ပါဘူး"

"ဒါဆိုလည်းလျှောက်မသွားနဲ့လေကိုကိုရဲ့ တော်ကြာလူကွဲမှဖြင့်..."

'Even if our love is a mistake....'Where stories live. Discover now