Zawgyi
"သားလေး"
သားလို့ခေါ်တဲ့ထိုသူ့ကိုကျန့်ဟောက်နာနာကျည်းကျည်းကြည့်မိသည်...
ထိုသူဟာ ဟန်ဘင်းရဲစခန်းကိုအပ်ခဲ့တဲ့သက်သေတွေကြောင့် မာမားရဲ့သေဆုံးမှုအပြင်မက်သရူးကိုပြန်ပေးဆွဲမှု ဟန်ဘင်းကိုခြိမ်းခြောက်မှု လူသတ်ရန်ကြံစည်မှုတို့ကိုလက်ပူးလက်ကြပ်မိခဲ့တာကြောင့် ပြေးရန်လမ်းက တခုထဲပင်...
အဲ့တာကတော့ မားမားရဲ့သေဆုံးမှုရဲ့တရားလိုဖြစ်သည့် ကျန့်ဟောက်စီက ကျေအေးမှုရယူခြင်းပင်.."အားပါးကို ကူညီပါ
ဘာပဲဖြစ်ဖြစ် အာပါးကမင်းရဲ့အဖေလေ
မင်းသာအမှုကျေအေးပေးမယ်ဆိုရင် မင်းအပေါ်ကိုကောင်းပေးပါ့မယ်"ကျန့်ဟောက် ခပ်ထေ့ထေ့ရယ်မိသည်...
ပိုကောင်းပေးပါ့မယ်လို့ သုံးရအောင် ထိုသူ သူ့အပေါ်ဘယ်တုန်းကများ ကောင်းပေးခဲ့ဖူးပါသလဲ..
သူချစ်ရတဲ့သူတွေကိုဒုက္ခရောက်အောင် သူ့အနားကနေထွက်ခွာသွားအောင် ထိုသူလုပ်ခဲ့တာ..
ဒါပေမဲ့ သူ(ကျန့်ဟောက်)ကတော့ သူ့ကိုသတ်ပစ်ဖို့အခွင့်အရေးရှိရက်နဲ့တောင်မလုပ်နိုင်ခဲ့ဘူး..
သူက အဖေဖြစ်နေတာကြောင့်လေ..."ခင်များသိလား အဖေဆိုတဲ့စကားကလေ ခင်များနဲ့မတန်ဘူး
သွေးသားတော်စပ်ရုံနဲ့အဖေဖြစ်မလာဘူး
အဖေပီသအောင်နေမှ အဖေဖြစ်နိုင်တာ"ကျန့်ဟောက် ဝဲနေတဲ့မျက်ရည်တွေကိုပုတ်ထုတ်လိုက်သည်..
"ခင်များရဲ့သွေးသားတော်စပ်တဲ့ကျေးဇူးကို အဲဒီနေ့ ခင်များရင်ဘတ်ကို သေနတ်မချိန်ခဲ့တာနဲ့ပြန်ဆပ်ခဲ့ပီးပီ
ဒီနေ့ကစပီး ကျွန်တော်က ခင်များနဲ့ဘာမှမတော်စပ်တော့ဘူး"ထိုသူဟာပြာပြာသလဲဖြင့်...
"တောင်းပန်ပါတယ် အာပါးကတောင်းပန်ပါတယ်"
"ခွင့်လွှတ်ပေးရမှာ ကျွန်တော်မဟုတ်ဖူး
ကွယ်လွန်သွားပီဖြစ်တဲ့ ကျွန်တော့အမေနဲ့ ဆေးရုံပေါ်မှာခင်များကြောင့်လဲနေတဲ့ကျွန်တော့ချစ်သူ
သူတို့ကိုပဲခင်များတောင်းပန်ရမှာ""မင်းရဲ့မားမားကိစ္စကိုအာပါးတောင်းပန်ပါတယ်
ဆောင်းဟန်ဘင်း သူပြန်နိုးလာရင် အာပါးကိုယ်တိုင်တောင်းပန်ပါ့မယ် အမှုကိုကျေအေးပေးပါ သားလေး"
![](https://img.wattpad.com/cover/341701120-288-k945997.jpg)
YOU ARE READING
'Even if our love is a mistake....'
Fiksi Penggemar'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp