Unicode
"အကိုမက်သရူး"
"ကြားသားမိုးကြိုး ကင်မ်ခွေးပေါက်ဘယ်ကလှည့်လာတာတုန်း"
သူ့ကိုခွေးပေါက်လို့ခေါ်လိုက်လို့ထင်သည် ကမ်င်ဂယူဘင်းရဲ့မျက်နှာဟာရှုံ့မဲ့လို့...
"ကျွန်တော်ကခွေးဆို အကိုလည်းခွေးပဲ
ဒါနဲ့ဘယ်ကနေဘယ်လိုဒီခွေးလေးက ကားကြိတ်ခံရတာတုန်း""အကြီးကိုများခွေးတဲ့ ခေါက်ထည့်လိုက်ရ"
ဂယူဘင်းက မက်သရူးရဲ့ညီတစ်၀မ်းကွဲတော်စပ်တူဖြစ်ပီး ငယ်ငယ်ကတည်းကအရမ်းရင်းနှီးခဲ့သူဖြစ်သည့်အလျောက် သူတို့ကြားမှာ အကြီးအငယ်ဆိုသည့် အသုံးအနှုန်းများလည်းသိပ်မရှိပါပေ...
"မစတော့ပါဘူး ဒါပေမဲ့ အကို့ကိုအန်ကယ်တော်တော်စိတ်ပူနေတယ်"
"ဒယ်ဒီက ဘယ်လိုသိသွားတာလဲ"
မက်သရူး ဒယ်ဒီ့ကိုမသိစေချင်ပါ..
သူ့ကြောင့်စိန်ပူရတာမျိုးလည်းမဖြစ်စေချင်ပါ..."ဆောင်းဟန်ဘင်းပြောလိုက်တာနေမှာပေါ့"
ဂယူဘင်းဟာ မက်သရူးနဲ့ဟန်ဘင်းတို့စတွဲကတည်းက ဟန်ဘင်းကိုသိပ်သဘောကျခဲ့သည်မဟုတ်...
ထို့ကြောင့် မက်သရူးထက်ပင်အသက်ကြီးသော ဟန်ဘင်းကို အကိုတပ်ပီးခေါ်လေ့မရှိပေ..."ကျွန်တော် အစကတည်းကပြောတယ်နော်
ကျွန်တော်သူ့ကိုနည်းနည်းမှကြည့်ရတာမဟုတ်ဖူး
ခုပဲကြည့် သူရှိရက်နဲ့ ကိုကိုကအက်စီးဒန့်ဖြစ်ရတယ်လို့""သူ့အမှားမဟုတ်ပါဘူး
ငါနည်းနည်းသတိလွတ်သွားလို့ပါ"ဂယူဘင်း ဒီတလော အကိုမက်သရူးမျက်နှာသိပ်မကောင်းတာကိုသတိထားမိသည်...
အကိုမက်သရူးက တမျိုးတနွယ်လုံးရဲ့အချစ်ခံဖြစ်သလို ဂယဘင်းအတွက်လည်းအချစ်ရဆုံးအကိုတစ်ယောက်ဖြစ်နေပြန်သေးသည်...
အကိုမက်သရူးစိတ်ဆင်းရဲမှာဆိုးလို့ ဆောင်းဟန်ဘင်းကို သူသဘောမကျပေမဲ့ သူတို့တွဲတာကိုတော့မကန့်ကွက်ခဲ့..
သို့သော် တခါတလေ အကိုမက်သရူးကပဲ ဆောင်းဟန်ဘင်းကိုဂရုစိုက်နေပီး ဆောင်းဟန်ဘင်းကတော့ အကို့ကိုအဲ့လောက်ဂရုမစိုက်သလိုခံစားရသည်...
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp