Zawgyi
ကျန့်ဟောက် လက်ထဲက နာရီကိုသာစိုက်ကြည့်နေလိုက်သည်...
ည 7နာရီ....ဆောင်းဟန်ဘင်းတစ်ယောက် နေ့လည်စာစားပီးချိန်ကတည်းကအခန်းပြင်မထွက်လာခဲ့...
ကျန့်ဟောက် အချိန်တန်ပီဟူ၍ ကောက်ချက်ချလိုက်ပီး ရုံခန်းတံခါးကိုတွန်းဖွင့်လိုက်သည်...ဆိုဖာပေါ်မှာလှဲနေသည့် ဟန်ဘင်းရဲ့တကိုယ်လုံးချွေးတွေစိုရွှဲနေပီး မျက်နှာပြင်နှင့် လည်ပင်မှာလည်းအနီကွက်များပေါ်နေလေသည်...
ကျန့်ဟောက် အနည်းငယ်စိုးရိမ်သည့်ပုံစံဖြင့်..."ဟန်ဘင်းနား မင်းဘာဖြစ်တာလဲ"
ဟန်ဘင်းအားယူပီးမျက်လုံးကိုဖွင့်ကြည့်တော့ သူ့ကိုစိတ်ပူနေသည့်အကို့ကိုတွေရသည်...
"မောင် ငါ့ကျောပေါ်တက်လိုက်
ငါမင်းကိုဆေးရုံခေါ်သွားပေးမယ်"ဟန်ဘင်းဘာမှကိုဖြေကြားနိုင်သည့်အားမရှိတော့...
ကျန့်ဟောက်က ဟန်ဘင်းရဲ့အရပ်ရှည်ပီးလေးတဲ့ခန္ဓာကိုယ်ကို ကျောပေါ်တင်လိုက်သည်..
သိသိသာသာပင် မနိုင်မနင်းဖြစ်နေသော်လည်း
ကျန့်ဟောက်သည်လည်း ဟန်ဘင်းနှင့်ခန္ဓာကိုယ်မတိမ်းမယိမ်းဖြစ်နေသည်မို့သာ သယ်၍ရခြင်းဖြစ်သည်...အကိုသူ့ကိုကျောပိုးပီးဆေးရုံခေါ်သွားတာ ဒါနဲ့ဆိုရင်နှစ်ကြိမ်မြောက်...
သူငယ်ငယ်လေးတုန်းက အပြင်းအထန်ဖျားနေတဲ့အချိန် ဘယ်သူမှသတိမထားမိခင်မှာပဲ အကိုကတွေ့ခဲ့ပီး သူ့ကိုဆေးရုံထိ ကျောပိုးလာခဲ့သည်..
အဲဒီအချိန်တုန်းက အကိုဟာအိုက အသက်8နှစ်လောက်ပဲရှိဦးလောက်မည်..
သူသတိပြန်ရချိန်မှာ အကိုသေးသေးလေး ငိုနေတာကိုမြင်လိုက်ရသည်...
ပထမဆုံးအကြိမ် အကိုသေးသေးလေးရဲ့ မျက်ရည်ကျတဲ့ပုံကိုမြင်ဖူးခဲ့တာဖြစ်ပီး အကိုဟာအို့ကို မျက်ရည်မကျအောင်လုပ်ပေးမည်ဟုဆုံးဖြတ်ခဲ့သည်..
ဘယ်သူကများထင်မိမှာလဲ..
သူကိုယ်တိုင်က အကို့ကို မျက်ရည်ကျစေတဲ့ နာကျင်စေတဲ့ အကြောင်းတရားဖြစ်လာလိမ့်မည်ဆိုတာ..
.
.
.
.
.
.
.
.
.
ကျန့်ဟောက် ဆေးရုံကုတင်ပေါ်မှာဖြူဖျာ့စွာခှဲနေသည့်သူကိုကြည့်ရင်း ရင်ဘတ်တခုလုံးတစစီကြေကွဲသလိုနာကျင်ရသည်..
နာကျင်လွန်းလို့ စကားဖြင့်ပင် ဖော်ပြ၍မရပေ..
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp