အခန်း (၈) အခန္း (၈)

635 111 10
                                    

[Unicode]

အစောင့်များကို ဆူပူကြိမ်းမောင်းပြီးသည့်နောက် ကျွင်းရှူးက အားလုံးပြန်သွားရန် ပြောလိုက်သည်။ တစ်ခန်းလုံးတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ သူက စိတ်ကိုငြိမ်အောင်ထိန်းလျက် ရေခဲအခေါင်းထဲမှ စူးယွဲ့လီအား မော့ကြည့်လိုက်သည်။ မျက်နှာဟာ နည်းနည်းနွမ်းနယ်လို့နေ၏။

အင်းအစီအရင်ကိုဖြတ်လျှောက်လျက် စူးယွဲ့လီဆီလျှောက်လာကာ သူ့လက်ကိုမြှောက်၍ သူမ၏ဖြူဖတ်ဖြူရော်မျက်နှာကို ထိလိုက်သည်။

"ယွဲ့လီ" ကျွင်းရှူးက စူးယွဲ့လီ၏မျက်နှာအား တယုတယလေးကြည့်လျက် "သူမ မင်းကိုကယ်ပေးဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် ဒီတစ်ခေါက်တော့ ငါ သူမကို သေချာပေါက်အလွတ်မပေးဘူး"

ထိုသို့ပြောလျက် သူမနဖူးအား အသာလေးဖိကာ မျက်လုံးများမှိတ်ထားလိုက်လေသည်။

အသိစိတ်နယ်ပယ်ထဲတွင်ရှိနေသည့်စူးယွဲ့လီဟာ ကျွင်းရှူး၏လှုပ်ရှားမှုကိုအာရုံခံမိသဖြင့် မျက်မှောင်ကြုတ်မသွားမိဘဲမနေနိုင်တော့ချေ။ သူမစိတ်အခြေအနေမကောင်းကြောင်း နင်ပုရှိုးတစ်ယောက်ရိပ်မိသွားကာ နူးနူးညံ့ညံ့လေးမေးလာသည်။ "ယွဲ့လီ၊ ဘာဖြစ်လို့လဲ"

"ကျွန်မမိတ်ဆွေက နောက်တစ်ခါခေါ်နေပြန်ပြီ" စူးယွဲ့လီက စိုးရိမ်ပူပန်သည့်ပုံလုပ်ပြလျက် "ပုရှိုး၊ ကျွန်မတို့တွေ ဘယ်လောက်ကြာဦးမလဲ"

"နင်မိသားစုရဲ့လျို့ဝှက်ကျင့်ကြံနည်းက ပုံမှန်ဆို တံခါးပိတ်ကျင့်ကြံဖို့ နှစ်တွေအများကြီးလိုတယ်။ ယွဲ့လီမှာက ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိတယ်။ ဒီတော့ အခုဆို (၁)လလောက်ပဲရှိသေးတာကို မင်းက ကိုယ့်အသိစိတ်နယ်ပယ်ရဲ့ထက်ဝက်ကျော်နဲ့ ပေါင်းစည်းချိတ်ဆက်ပြီးနေပြီ" နင်ပုရှိုးက သူ့လက်ကိုမြှောက်လျက် စူးယွဲ့လီ၏လက်ကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ "နောက်တစ်လအတွင်းမှာ ပြီးသလောက်ဖြစ်သွားမှာပါ"

"နောက်တစ်လထိ..." စူးယွဲ့လီ မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။ "ဒါပေမဲ့ သူတို့တွေက အခုချိန်မှာ ဒီအကြောင်းဘာမှမသိကြဘူးလေ။ သူတို့အားလုံးက ဆရာတူအစ်မကိုစွပ်စွဲနေကြတယ်။ ဆရာတူအစ်မသာတစ်ခုခုဖြစ်သွားခဲ့ရင်၊ ကျွန်မ..."

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ