အခန်း(၃၂) အခန္း(၃၂)

298 33 3
                                    

Translated by Hae Yar
Edited by Me

[Unicode]

ချင်ဝမ်ဝမ်က မည်သည့်စကားမျှမဆိုသော် ကျန်ရှင်းကျီးဟာ မျက်မှောင်ကြုတ်လျက် "မင်း ဘာလို့ ဘာမှမပြောတော့တာလဲ။ မင်းမှားနေတယ်ဆိုတာ သိသွားလို့လား"

"ဆရာ" ချင်ဝမ်ဝမ်က စိတ်ထိခိုက်မှုဖြင့် "ရှင်ကြည့်ပါဦး၊ အခုရှင့်ကို ကျွန်မက ကယ်ဖို့လိုနေတာလား၊ ရှင်က ကျွန်မကို ကယ်ဖို့လိုနေတာလားဆိုတာ"

ထိုသို့ပြောဆိုရင်းဖြင့် ချင်ဝမ်ဝမ်ဟာ သူမလက်ကိုမြှောက်ကာ ပတ်ပတ်လည်ရှိလူများကို ညွှန်ပြလျက် "ကျွန်မရှင့်ကို တစ်ညလောက်မတွေ့ရသေးတာနဲ့ ရှင်က ဒီလူသတ်သမားအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပြီလေ။ ရှင်က ဘယ်လောက်တောင် အရည်အချင်းရှိလိုက်သလဲ။ ရှင်ဒီနေရာမှာ ဒီလိုနေနိုင်မှတော့ ကျွန်မက ဒီနေရာမှာဘာလာလုပ်နေရမှာလဲ။ ကျွန်မဒီကိုရောက်လာရင် သေသွားမှာပဲမဟုတ်လား။ ဒါ​တောင်မှ ကျွန်မ ဒီကိုရောက်လာခဲ့​သေးတယ်​လေ"

ချင်ဝမ်ဝမ်က သူမကိုယ်ပိုင်စွမ်းဆောင်ရည်ကိုတွေး၍ သူမကိုယ်သူမ စတင်လေးစားလာကာ ခေါင်းစဉ်ပြောင်းလိုက်သည်။ "ဆရာ၊ ရှင်သာ တစ်ခုခုဖြစ်နေရင် ကျွန်မဒီကိုလာတဲ့အခါ ကျွန်မသေလိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မရှင့်ကို စိုးရိမ်နေမိပြီး ဖုန်းရာဂေဟာရဲ့တံခါးဝထိ ကျွန်မလာရှာခဲ့တယ်။ ဒီလိုလှုပ်ရှားမှုဆိုတာ သေရေးရှင်ရေးနှစ်ဖက်ပြေးနေရသလိုဖြစ်ပြီး တော်တော်လေးသတ္တိရှိမှရတာပါ။ ဆရာ" ချင်ဝမ်ဝမ်က သူမခေါင်းကိုမော့ကာ လေထဲလက်သီးဆုပ်ပြလျက် "ကျွန်မက သတ္တိရှိတယ်မလား"

ကျန်ရှင်းကျီးဟာ ချင်ဝမ်ဝမ်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ပြည့်တန်ဆာများအားလုံးက ချင်ဝမ်ဝမ်ကို လေးစားမှုများဖြင့် ကြည့်နေလျက်ရှိကြသည်။

သူမနောက်ပြန်လှည့်မကြည့်ဘဲ တစ်ကြိုးတည်းလစ်ပြေးသွားသည်ကို သူတို့မတွေ့ခဲ့မိလျှင် ထိုအရာကို ယုံမိလုနီးပါးပင်။

"မင်း..."

ကျန်ရှင်းကျီးတစ်ယောက် ထုံးစံအတိုင်း တစ်ခုခုမူမမှန်နေ​​ကြောင်းခံစားမိသော်လည်း ရှာမတွေ့နိုင်ဖြစ်နေသည်။ တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် ဟွမ်းရှီက ရေးကြီးသုတ်ပျာပြေးဝင်လာသည်။ "သခင်၊ လူနှစ်ယောက်ပြီးရင် သခင့်အလှည့်ရောက်ပြီဖြစ်လို့ အဆင်သင့်ပြင်ထားရပါမယ်"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ