အခန်း (၅) အခန္း (၅)

887 149 23
                                    

[Zawgyi]

စကားသံဆုံးသည်နှင့် ကျန်ရှင်းကျီးက တမဟုတ်ချင်းရေချိုးဇလုံထဲသို့ ငုပ်ဝင်သွားလေသည်။ ထိုအချိန်မှာပင် ဂိုဏ်းသားများက တံခါးကိုကန်ဖွင့်လျက် အထဲဝင်လာကြသည်။ ထို့နောက် ကန့်လန့်ကာအနောက်ဘက်ရှိ ချင်ဝမ်ဝမ်၏အရိပ်ကိုကြည့်ကာ စိုးရိမ်တကြီးမေးလိုက်သည်။ "ဂိုဏ်းတူအစ်မ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" ချင်ဝမ်ဝမ်အသိပြန်ဝင်လာကာ သူမ၏နှလုံးခုန်နှုန်းကိုထိန်းလျက် ရေချိုးဇလုံထဲမှ ဆံပင်နှင့် မြေကြီးများကိုတစ်ချက်ကြည့်လိုက်သည်။ ရေချိုးဇလုံအစွန်းကိုဆုပ်ကိုင်ထားကာ အံကြိတ်၍ သူမပြောလိုက်သည်။ "ပိုးကောင်တစ်ကောင်က လန့်အောင်လုပ်လိုက်လို့ပါ။ မင်းတို့တွေအရင်ထွက်သွားလိုက်ကြဦး။ ငါ ရေချိုးလိုက်ဦးမယ်"

ဂိုဏ်းသားများက သူမစကားကိုတုံ့ပြန်သည့်အနေဖြင့် ပြန်ထွက်ခွာသွားကြသည်။ သူတို့ထွက်သွားသည်နှင့် ရေချိုးဇလုံထဲမှလူဟာ တမဟုတ်ချင်းရေပေါ်ပေါ်လာတော့သည်။

သူက မျက်လုံးများပိတ်ထားသည်။ နည်းနည်းပါးပါးသစ်ထားသည့်မျက်နှာမှ သူ၏ချောမောခန့်ညားသောရုပ်သွင်ဟာ ပေါ်လို့နေသည်။

"မင်း အရင်ချိုးလိုက်၊ ငါ ပြီးတော့မှဆေးကြောတော့မယ်။ မင်းရေချိုးပြီးသွားရင် ထွက်လာပြီး ငါ့ကိုပြောလိုက်ချည်"

သူက တစ်စက်လေးမှ ယဉ်ကျေးမနေပါ။ စကားများကို အလွန်မြန်မြန်ဆန်ဆန်ပြောချလျက် မျက်လုံးများမှိတ်လျက်သား ရေချိုးဇလုံကိုလှစ်ခနဲကျော်ထွက်သွားကာ အလဲလဲအပြိုပြိုဖြစ်ပြီးနောက် ကြမ်းပေါ်လဲကျသွားတော့သည်။

"မင်း ငါ့ကို ဘာကိစ္စ ဓာတ်လိုက်အောင်လုပ်ရပြန်တာလဲ"

ကျန်ရှင်းကျီးက ကြမ်းပြင်ပေါ်လှဲလျက်သား စိတ်အာရုံထဲသို့ ဒေါသတကြီးအော်လေတော့သည်။ "မင်း သေချင်နေပြီလား"

"တောင်း... တောင်းပန်ပါတယ်" (၆၆၆)က အတုန်တုန်အယင်ယင်ဖြင့် "ဘယ်အမျိုးသားအပျော်တော်ဆက်မှ အရမ်းသွက်လက်ပေါ့ပါးမနေဘူးလေ... ဒါကြောင့် ပင်မစနစ်ကြီးက ထောက်လှမ်းသိရှိသွား..."

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးحيث تعيش القصص. اكتشف الآن