အခန်း(၂၃) အခန္း(၂၃)

319 44 2
                                    

Translated by Hae Yar
Edited by Me

[Unicode]

ချင်ဝမ်ဝမ်တစ်ယောက် ဂူထဲမှ ပြေးထွက်လာခဲ့လေသည်။ ကျန်ရှင်းကျီးက သူ့လက်ကိုမြှောက်၍ ဓားပုံစံအဖြစ်ဖွဲ့စည်းနေစဉ် စနစ်ဆီမှလင်းလက်လာသည်ကို မြင်တွေ့လိုက်၏။

[အရေးပေါ်လုပ်ငန်းတာဝန် : ဆယ့်ငါးမိနစ်အတွင်း 'မိန်းမလှလေးက သူရဲ​ကောင်းကို ကယ်တင်ခြင်း' ဆိုတဲ့ တာဝန်မှာ ချင်ဝမ်ဝမ်ကို ဝိုင်းကူပေးရင်း ပတ်ဝန်းကျင်မှာရှိနေတဲ့ ရုပ်ရည်ချောမောတဲ့လူကို ကြုံသလိုကယ်တင်ပေးရန်။ အမှတ်(+၅၀)]

[သတိပေးချက် : ဇာတ်ကောင်စည်းမျဉ်းတွေကိုလိုက်နာပါ။ သင့်အနေနဲ့ အခြေခံပျိုးထောင်ခြင်းအဆင့်ထက်မကျော်ရပါဘူး၊ ဇာတ်လိုက်မရဲ့အခန်းကဏ္ဍကို မခိုးရပါဘူး၊ ဇာတ်လိုက်မထက်အရင် သားရဲတွေကို ပိုတိုက်ခိုက်လို့မရသလို ဇာတ်လိုက်မထက် ပိုသန်မာနေလို့လည်းမရပါဘူး]

ဤလုပ်ငန်းတာဝန်နှင့် သတိပေးချက်အတန်းလိုက်ကြီးကိုကြည့်ကာ ကျန်ရှင်းကျီးတစ်ယောက် တဒင်္ဂမျှဆွံ့အသွားရတော့သည်။

ငါ့မှာ ဒီလိုအလုပ်မျိုးကိုတာဝန်ယူပေးဖို့လည်း ရှိနေသေးတာပဲလား။

ထိုအခိုက်အတန့်တွင် အရှိန်ပြင်းပြင်းရှား‌စောင်းတင်းပုတ်​ရိုက်ချက်တစ်ခု​ ​​ရောက်လာ​လေ၏။ ကျန်ရှင်းကျီးက တစ်ဖက်သို့ကပ်၍ တင်းပုတ်အောက် ဆတ်ခနဲငုံ့ရှောင်လိုက်သည်။ ထို့​နောက် လှည့်ထွက်ကာ ချင်ဝမ်ဝမ့်နောက် ပြေးလိုက်လေတော့သည်။

ဘယ်လို လုပ်ငန်းတာဝန်ပဲရှိရှိကွာ၊ အမှတ်ရအောင်ကို ယူပစ်ဦးမယ်

သူရဲ​​ကောင်းကိုကယ်တင်ဖို့ဆို အရင်ဆုံး အကျပ်အတည်းတစ်ခုရှိမှရမယ်။ အကျပ်အတည်းတစ်ခုဖန်တီးပေးဖို့ဆို ရှား‌စောင်းပင်ကို အရင်အပြင်ထုတ်ပစ်မှရမယ်။

ထိုသို့တွေးလျက် ကျန်ရှင်းကျီးတစ်​ယောက် ချင်ဝမ်ဝမ့်ဆီ အလွန်အမင်းအသည်းအသန်ပြေး‌လိုက်သွားကာ ဆော်ဩတော့၏။ "မင်းတိုက်ခိုက်ရမှာကို ဘာလို့ ကွေ့ပတ်ရှောင်နေရတာလဲ"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ