အခန်း (၁) အခန္း (၁)

2.3K 204 44
                                    

[Unicode]

"ချင်ဝမ်၊ ငါ မင်းကို ဆရာတစ်ယောက်အနေနဲ့ နောက်ဆုံးအခွင့်အရေးပေးမယ်"

'ဒေါင်' ဟူသော တိုတိုပြတ်ပြတ်အသံနှင့်အတူ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်စွမ်းအင်မန္တန်များ ရစ်ပတ်ထားသည့် ဓားရှည်တစ်ချောင်း ချင်ဝမ်ဝမ်ရှေ့ကျဆင်းလာသည်။ လှိုင်းခတ်သွားခြင်းတစ်စက်မရှိသည့် အေးစက်စက်၊ တည်တည်ငြိမ်ငြိမ်အသံတစ်သံ သူမခေါင်းပေါ်မှထွက်ပေါ်လာ၏။ "ယွဲ့လီကိုနှိုးဖို့နည်းလမ်း ငါ့ကိုပြောပြမလား။ ဒါမှမဟုတ်" သူမအပေါ်ဘက်ရှိပုဂ္ဂိုလ်က သူ့လေသံကိုပိုအလေးအနက်ထားပြောလိုက်သည်။ "မင်းရဲ့ကျင့်ကြံထားတဲ့အစွမ်းတွေကို ဖျက်ဆီးပစ်လိုက်ရမလား။ ဒီနေ့ကစပြီး မင်းက ဝမ့်ရှင်းဂိုဏ်းနဲ့ဘာမှမဆိုင်တော့ဘူး"

ချင်ဝမ်ဝမ်ခမျာ ပြန်မဖြေရဲချေ။ သူမဟာ မြေပြင်ပေါ်ဒူးထောက်ထားလျက် တုန်ယင်လို့နေသည်။ ကျင့်ကြံစွမ်းအားကိုပိတ်စည်းထားရန်အဓိကသုံးသည့် မြေပြင်ပေါ်ကအစီအရင်မျဉ်းကြောင်းများနှင့် သူမကိုယ်သူမထိုးပစ်ရမည့်ဓားအား စိုက်ကြည့်နေ၏။ သူမပတ်ပတ်လည်ရှိလူအများ၏ 'ရိုက်၊ သတ်'အော်သံများကိုကြားကာ စိတ်ထဲတဝီဝီမြည်နေလေသည်။

သူမမျက်လုံးများမဖွင့်မီအစောပိုင်းတဒင်္ဂက သူမဟာ နတ်ပြည်တွင်သာရှိနေသေးသည်။ သူမဆိုသည်မှာ နတ်ပြည်ရှိဒဏ္ဍာရီလာဒုတိယမျိုးဆက်များထဲတွင် အချမ်းသာဆုံး၊ စွမ်းအားအကြီးဆုံး၊ အချောဆုံးနှင့် အထက်တန်းအကျဆုံးနတ်သမီး၊ 'ဆိတ်ငြိမ်တောင်'အရှင်မပင်။

အထက်ပါ ထို'ဆုံး'(၄)ဆုံးထဲတွင် (၃)ခုမှာ အမှန်ဖြစ်၏။ 'စွမ်းအားအကြီးဆုံး'တစ်ခုတည်းသာလျှင် အတုဖြစ်သည်။

သူမဟာ (၂၁)ရာစုမှ နတ်ပြည်၌သန္ဓေတည်၍ မွေးဖွားလာခဲ့ရသောကြောင့်လောမသိပါ၊ မွေးဖွားစဉ်ကတည်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံချို့တဲ့လျက် ကျင့်ကြံခြင်းတွင် အခက်အခဲဖြစ်လျက်ရှိသည်။ အနှစ်(၃၀၀)ကျော်အောင် မနေနိုင်ဟုပင် အခိုင်အမာပြောကြသည်များလည်း ရှိသေး၏။

သူမအသက်ကိုကယ်ရန် သူမမိဘများက အဆင့်နိမ့်လောကသို့သွား၍ ဆေးရှာရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် မထွက်ခွာမီ သူတို့က သူမအနိုင်ကျင့်ခံရမည်စိုးသဖြင့် နတ်ပြည်ရှိ ထူးချွန်သူပေါင်းစုံတို့အား တံစိုးလက်ဆောင်များပေးလျက် 'ဒုတိယနတ်မျိုးဆက်ထဲစွမ်းအားအကြီးဆုံး'ဟူသည့် ဘွဲ့ထူးဂုဏ်ထူးကို ပေးအပ်ခဲ့လေသည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးHikayelerin yaşadığı yer. Şimdi keşfedin