အခန်း(၄၀) အခန္း(၄၀)

307 28 1
                                    

Translated by Hae Yar
Edited by Me

[Unicode]

နတ်ပြည်တက်ရန် ကျင့်ကြံရေးလမ်းကြောင်းထဲ ‌အခြေချမည်ဆိုပါက ကျင့်ကြံသူတစ်ယောက်ဟာ အဆင့်ခြောက်ဆင့်ဖြတ်သန်းရမည်ဖြစ်သည်။ စွမ်းအင်ကျင့်ကြံခြင်းအဆင့်၊ အခြေခံပျိုးထောင်ခြင်းအဆင့်၊ အမြုတေအဆင့်၊ စိတ်ဝိညာဉ်ဖွံ့ဖြိုးစအဆင့်၊ စိတ်ဝိညာဉ်အသွင်ပေါ်ခြင်းအဆင့်နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တို့ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများဟာ အဆင့်တစ်ဆင့်ချင်းစီ စစ်ဆေးခံရမည်ဖြစ်သည်။ အချို့ကျင့်ကြံသူများက သူတို့၏အခြေခံပျိုးထောင်ခြင်းကို နေ့ချင်းညချင်း ပျိုးထောင်နိုင်ကြသည်။ အချို့ကျင့်ကြံသူများဟာ သူတို့လက်ကျန်ဘဝတစ်လျှောက်လုံး တန်းရှန်းမုခ်ဝသို့ မတက်ရောက်နိုင်ခဲ့ကြပေ။

အခြေခံပျိုးထောင်ခြင်းအဆင့်မှ အမြုတေအဆင့်ဖြစ်သွားသော ကျင့်ကြံသူဟာ ခန္ဓာကိုယ်အတွင်း အမြုတေအဆင့်ပုံစံရှိလာမည်ဖြစ်သည်။ အမြုတေအဆင့်ကျင့်ကြံသူဟာ စိတ်ဝိညာဉ်ဖွံ့ဖြိုးစအဆင့်ဖြစ်သွားလျှင် သူ့ခန္ဓာကိုယ်အတွင်းစိတ်ဝိညာဉ်ဖွံ့ဖြိုးမှုကစတင်လာမည်ဖြစ်သည်။

ချင်ဝမ်ဝမ်ဟာ စိတ်ဝိညာဉ်ဖွံ့ဖြိုးစအဆင့်တက်လိုကြောင်းကြားသော် ရှဲ့ကူးထန်တစ်​ယောက် မျက်မှောင်မကြုတ်သွားဘဲ မနေပေ။ "မိန်းကလေးချင်၊ မင်းဘာလို့ ဒီနေရာမှာ စိတ်ဝိညာဉ်ဖွံ့ဖြိုးစအဆင့်တက်ဖို့ရွေးချယ်ရတာလဲ။ အဲဒါက စွန့်စားရာကျလွန်းတယ်"

စိတ်ဝိညာဉ်ဖွံ့ဖြိုးစအဆင့်ဖြစ်စဉ်ဟာ အလွန်အမင်းခဲယဥ်းလေသည်။ သင့်အနေဖြင့် သတိမထားမိလျှင် ရူးသွပ်ကာ ပြင်းပြင်းထန်ထန်သေဆုံးသွားနိုင်သည်။

ချင်ဝမ်ဝမ်က ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ကာ သူမနှုတ်ခမ်းများတင်းတင်းစေ့၍ ရှင်းပြတော့သည်။ "ကျင့်ကြံသူအရှင်ရှဲ့၊ ကျွန်မအရင်ကပြောခဲ့တာကိုမှတ်မိသေးလား။ အနောက်​ခြံဝင်းက ဘုရားကျောင်းဆောင်မှာ စုန့်ရှီဆိုတဲ့ သခင်လေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်ဆိုတာလေ။ သူက လင့်ရန်ကျီးရုပ်တုနဲ့ အတိအကျနီးပါးတူပြီးတော့ ကျွန်မအပေါ် အရမ်းသဘောကောင်းတဲ့သူပဲ"

You've reached the end of published parts.

⏰ Last updated: Jul 28 ⏰

Add this story to your Library to get notified about new parts!

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးWhere stories live. Discover now