အခန်း (၇) အခန္း (၇)

634 110 15
                                    

[Unicode]

စူးယွဲ့လီထိုစကားပြောပြီးသွားသည်နှင့် 'အုန်း'ခနဲမြည်သံအကျယ်ကြီးနှင့်အတူ ကြီးမားသောအင်အားတစ်ခု လာရိုက်ခတ်သွားကြောင်း ချင်ဝမ်ဝမ်ခံစားလိုက်ရသည်။ သူမတက်ဖိခံလိုက်ရကာ မြေပြင်နှင့်ဆောင့်သွား၏။ ထို့နောက် ခပ်အုပ်အုပ်ချောင်းဆိုးသံတစ်သံကြားလိုက်ရကာ သူမပခုံးပေါ်သို့ သွေးများကျလာသည်။

"ကျန်ကျီးရန်" အပြင်ဘက်မှသက်ရောက်လာသည့်အားကြောင့် ချင်ဝမ်ဝမ်တစ်ယောက် စူးယွဲ့လီ၏အသိစိတ်နယ်ပယ်ထဲမှ ဆွဲထုတ်ခံလိုက်ရကာ နည်းနည်းမူးဝေဝေဖြစ်နေသည်။

ကျန်ရှင်းကျီးက အင်းကွက်နှင့်လက်ကို ချင်ဝမ်ဝမ်၏ခန္ဓာကိုယ်မှဖယ်လိုက်ကာ သူ့နှုတ်ခမ်းမှသွေးများအားသုတ်ပစ်လျက် စကားမဆိုချေ။

စောစောပိုင်းက အင်းကွက်ဖြင့် ချင်ဝမ်ဝမ်ဆီပို့ပေးလိုက်သည့် စွမ်းအင်များဟာ ထိုအစီအရင်မှတဆင့် 'ကျန်ကျီးရန်'ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်၏စွမ်းအင်ဓာတ်ခံအရင်းအမြစ်နှင့် သူ့အမြုတေအား သုံးထားခြင်းမျိုး မဟုတ်ပါ။ ထိုသို့ကြားခံနယ်တစ်ခုခံသုံးလိုက်သည့်တိုင် စိတ်ဝိညာဉ်အသွင်ပေါ်ခြင်းအဆင့်သို့ ခြေတစ်ဘက်လှမ်းနေသည့် ကျင့်ကြံအစွမ်းတစ်ခုအား မခုခံနိုင်ဖွယ်ရာမျိုးဖြစ်နေသေးသည်။

"နင် အဆင်ပြေရဲ့လား"

ချင်ဝမ်ဝမ်တစ်ယောက် အခြေအနေအားလုံးဝနားမလည်ချေ။ သူမက ဒဏ်ရာရထားဟန်ရှိနေသောကျန်ရှင်းကျီးကိုတွဲလျက် စိုးရိမ်ပူပန်စွာပြောလိုက်သည်။ "ငါတို့ အရင်ပြန်သွားလိုက်ကြမလား"

ကျန်ရှင်းကျီးခေါင်းခါလျက် စကားပြောတော့မည့်အချိန်မှာပင် တံခါးအပြင်ဘက်မှ အော်သံအကျယ်ကြီးကို ကြားလိုက်ရ၏။ "ချင်ဝမ်"

စကားသံဆုံးသည်နှင့် ဘေးဘက်မှလေများဝေါခနဲတိုက်လာကာ ကျန်ရှင်းကျီးက ချင်ဝမ်ဝမ်အား ဘေးသို့တွန်းလိုက်လျက် တစ်ဘက်သို့ လှိမ့်လိုက်သည်။

ချင်ဝမ်ဝမ်တစ်ယောက် အနီးနားရှိတိုင်လုံးတစ်လုံးနှင့် ဝင်ဆောင့်မိသွားသည်။ သူမမော့ကြည့်လိုက်သည့်အခါ မလှမ်းမကမ်းတွင် ကျွင်းရှူး ဒူးတစ်ဘက်ထောက်လျက်သား ရှိနေသည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးOpowieści tętniące życiem. Odkryj je teraz