အခန်း(၂၈) အခန္း(၂၈)

319 46 4
                                    

Translated by Hae Yar
Edited by Me

[Unicode]

ကျန်ရှင်းကျီးမည်သူမည်ဝါဖြစ်​ကြောင်းအစစ်ကို သိပြီးသည့်နောက် သူ့ခြေထောက်ဖြင့်တက်နင်းထားစဥ်ခံစားခဲ့ရသော သူမ၏အရှက်တရားနှင့်နာကျင်မှုများအား ချင်ဝမ်ဝမ်သတိရလာသည်။ ထို့ပြင် ယခုသူဟာ ပျော့တိပျော့ဖပ်ဆန်ကုန်မြေလေးကောင်စနစ်ထဲ ခြေချုပ်မိနေသည်။ သူ့ကျင့်ကြံခြင်းများအားလုံး ဆုံးရှုံးသွားခဲ့သည်ကိုတွေးတောလျက် သူမ ကျယ်ကျယ်လောင်လောင်အော်ရယ်မိလုနီးပါးပင်။

ကောင်းကင်ဘုံတာအိုက လူဝင်စားဖို့လွယ်ပြီး ဘုရားက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ခဲ့ဘူးပဲ။

ကျန်ရှင်းကျီးဆိုတဲ့သူ့ကိုစိတ်ကြီးဝင်ထားခိုင်းလိုက်တယ်၊ ကျန်ရှင်းကျီးဆိုတဲ့သူ့ကို မာနကြီးထားခိုင်းလိုက်တယ်။ အခု​တော့​ကောင်း​လိုက်တာ၊ ဝဋ်ပြန်လည်တာမှ အလိုက်ဖက်ဆုံးဝဋ်လည်​နည်းနဲ့ကိုလည်တာ။

သူမဟာ သူမစိတ်ခံစားချက်များကို ခက်ခက်ခဲခဲကြိုးစားချုပ်တည်းထားခဲ့ပါသည်။ သို့သော်လည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်စရာသတင်း‌များကြောင့် သူမတစ်ကိုယ်လုံး ကတုန်ကယင်မဖြစ်လာဘဲ မနေနိုင်​ချေ။

ကျန်ရှင်းကျီးက သူမကို တစ်ချက်ကြည့်လိုက်စဉ် သူမ မည်မျှစိတ်လှုပ်ရှားနေ​ကြောင်း မြင်လိုက်၍ ချောင်းအသာဟန့်လိုက်၏။ "သူက နတ်ပြည်မှာတော်တော်နာမည်ကြီးတယ်ဆိုတာ ဆရာသိပါတယ်၊ ဒါကြောင့် မင်း စိတ်လှုပ်ရှားနေတာလည်း ပုံမှန်ပါပဲ။ ခဏလောက် စိတ်ကိုလျှော့ချထားလိုက်၊ အရမ်းစိတ်လှုပ်ရှား‌ပြီးတော့ မင်းစိတ်လွတ်သွားတာမျိုးလည်း မဖြစ်စေနဲ့ဦး"

စိတ်လှုပ်ရှားနေတာ​ပေါ့၊ ငါက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ။

အကယ်၍ နတ်ပြည်မှာသာဆိုလျှင် သူမအနေဖြင့် သူ့အား လက်‌စားချေလိုပါက သူမမိဘများပြန်အလာကို စောင့်‌ရဦးမည်ဖြစ်သည်။ သို့သော် ယခုမူကား ဤကမ္ဘာငယ်လေးထဲတွင် သူမက ဇာတ်လိုက်မဖြစ်​​နေလျက် သူကပျော့တိပျော့ဖပ်ဆန်ကုန်မြေလေးကောင်ဖြစ်​နေသည်။ သူမဘက်က လက်စားချေလိုလျှင် ပြောရမလွယ်လှသည့်ကိစ္စဖြစ်သော်လည်း ဖြစ်နိုင်​ချေအားဖြင့် အခွင့်အလမ်းပိုအလေးသာနေ​သေး၏။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ