အခန်း (၁၉) အခန္း (၁၉)

520 92 4
                                    

[Unicode]

"သခင်၊ ဒါက ကောင်းတဲ့ကိစ္စပါပဲ" ကျန်ရှင်းကျီး၏တုံ့ပြန်မှုကိုမြင်သော် (၆၆၆)က အမြန်ဖျောင်းဖျပြောလေသည်။ "ကျွန်မတို့ပြဿနာရှာပြီးသွားရင်လုပ်ရမယ့် ဒုတိယမြောက်လုပ်ငန်းတာဝန်ကို မှတ်မိသေးလား။ ရှင့်အနေနဲ့ ဇာတ်လိုက်မကို ရာဂမိစ္ဆာချင်းလျိုနဲ့ ထိပ်တိုက်ရင်ဆိုင်ရအောင် လုပ်ရမယ်လေ။ ပြီးတော့ အဲ့ဒီကောင်က သူမလက်ထဲကျရှုံးပြီး သူ့လက်ထဲက 'မျက်နှာပေါင်းထောင်ချီ'ရတနာကို ရသွားရမှာလေ။ ဇာတ်လိုက်မသာ မျက်နှာပေါင်းထောင်ချီရတနာမရှိဘဲ ဓားစမ်းပွဲညီလာခံကိုဝင်ပြိုင်ရင် အချိန်မရွေးပေါ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ရှင်တို့က အခုလေးတင်ဝမ့်ရှင်းဂိုဏ်းကို ဖောက်ခွဲပစ်လာခဲ့ကြတာ။ ဒီတော့ ရုပ်ထွက်ပြဖို့ မကောင်းဘူး။ ရှင် ချင်းလျိုရဲ့နေရာကိုတိတ်တိတ်လေးခိုးသွားဖို့ နည်းလမ်းတစ်ခုလောက်ရှာပြီးရင် ချင်ဝမ့်ကိုစာတစ်စောင်ပို့လိုက်ပေါ့။ သူမကို ရှင့်ကိုလာကယ်ဖို့ပြော။ ပြီးရင် ချင်းလျိုကိုသတ်ပစ်လိုက်။ ဒါဆို ဒုတိယမြောက်လုပ်ငန်းတာဝန်ပြီးမြောက်မသွားဘူးလား"

"သူမက ငါ့ကိုလာကယ်မှာလား" ကျန်ရှင်းကျီးတစ်ယောက် ဘေးဘီဝဲယာသို့ ရှုတည်တည်ကြီးကြည့်လျက် (၆၆၆)အား အသေအချာကြီးပြောလိုက်သည်။ "သူမက ငါ့ကိုလာကယ်မှာကို မဟုတ်ဘူး"

(၆၆၆) "..."

လောလောလတ်လတ်လေ့လာထားကြည့်သလောက်ဆိုရင်တော့ ဒီဇာတ်လိုက်မပုံစံက အဲ့ဒီလိုဖြစ်ဖို့ပိုများတယ်။

လူတစ်ယောက်နှင့်စနစ်တစ်ခုတို့ဟာ ပူပန်သောကပွားကြရလေတော့သည်။ ဤအချိန်တွင် ကြီးကြပ်ရေးမှူးက စာအုပ်တစ်အုပ်ဖြင့် လူအများဆီလျှောက်လာကာ တစ်ယောက်ချင်းစီအားနေရာချထားခြင်းများ လိုက်လံလုပ်ဆောင်နေလေပြီ။

"သတ္တုတွင်းတူး"

"သတ္တုတွင်းတူး"

"တူး..." ကြီးကြပ်ရေးမှူးက မျက်လုံးများပင့်ကြည့်လာသည်။ ကျန်ရှင်းကျီး၏မျက်နှာဘေးဟာ (၃)ပုံက အေးစက်စက်၊ (၃)ပုံက ရွံရှာစက်ဆုပ်နေဟန်၊ (၃)ပုံက အထင်သေးသေးနှင့်မောက်မာဟန်တို့ရှိနေကြကြောင်း မြင်တွေ့သွား၏။ သူ့မျက်လုံးများအရောင်လက်သွားကာ "အာ၊ ဒါက လူကြီးမင်းချင်းလျိုအထူးတလည်မှာထားတဲ့တစ်ယောက်မဟုတ်လား။ မြန်မြန်လုပ်၊ လူကြီးမင်းကို သူရောက်ပြီဆိုတာ သွားသတိပေးလိုက်ချည်"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးDonde viven las historias. Descúbrelo ahora