Translated by Hae Yar
Edited by Me[Unicode]
ချင်ဝမ်ဝမ်၏သွေးတစ်စက်ကို သောက်ပြီးသည့်နောက် ကူကောင်ဟာ ငြိမ်ကျသွားလေသည်။ သို့သော် ကျန်ရှင်းကျီးဟာ မည်သို့ကြောင့်မှန်းမသိ သူ့နှလုံးသားထဲ အခြားထိတ်လန့်မှုတစ်မျိုးစွဲကျန်ရစ်ခဲ့သကဲ့သို့ ခံစားနေရသည်။
သူ့လျှာဖျားမှ နူးညံ့သည့် အထိအတွေ့က သူ့နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်လာစေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအရာဟာ အဆိပ်ရှိပိုးကောင်တစ်ကောင်ကဲ့သို့ သူ့အား တမင်တကာအနှောင့်အယှက်မပေးလာပေ။ နှလုံးသန့်စင်ခြင်းတရားစာ အပိုဒ်အနည်းငယ်မျှရွတ်ပြီးသည့်နောက် သူ့နှလုံးသားဟာ တည်ငြိမ်လာသည်။ သူက မည်သည့်အရာကိုမျှ ထပ်မံတွေးမနေတော့ပေ။ သူ့ဝိညာဉ်စွမ်းအင်ကိုသာ ထပ်ခါတလဲလဲ စုစည်းပြီးသည့်နောက် ချွေ့လွိ၏ချိပ်ပိတ်မှုကို အကြိမ်ကြိမ်အထပ်ထပ်ကြိုးစားချိုးဖျက်ပစ်နေတော့သည်။
သူက သူ့ဝိညာဉ်စွမ်းအင်များပြန်လည်ရရှိရေးနှင့် အလုပ်ရှုပ်နေစဉ် ချင်ဝမ်ဝမ်ကလည်း မရှင်းမလင်းခံစားချက်များနှင့် ပျာယာခတ်နေရှာသည်။
ငါ သူ့ကိုလက်စားချေမယ်လို့ ကတိပြုထားပေမဲ့ ငါ့လက်စားချေတာကြီးက ဘယ်လိုဖြစ်နေတာလဲ။ ဒီလက်စားချေမယ့်ဦးတည်ချက်က ပိုပိုပြီးမှားယွင်းကုန်တာလား။
ငါက ချစ်တောင်မချစ်ဖူးသေးဘဲ ဘာလို့ဒီခွေးသူခိုးကောင်ကိုမှ ဦးဦးဖျားဖျား နှုတ်ခမ်းပေးကိုက်ခိုင်းမိသွားတာလဲ။
ထိုသို့တွေးတောမိသွားသည့်အခါ ချင်ဝမ်ဝမ်၏နှလုံးဟာ ရုတ်ခြည်းခုန်ပေါက်လာတော့သည်။ သူမခမျာ သူမအတွက်လုပ်စရာတစ်ခုခု အမြန်ရှာသည့်အနေဖြင့် နန်ဖုန်းနှင့်ချိတ်ဆက်ကာ သူတို့၏တည်နေရာကို အတည်ပြုတော့သည်။
ကျန်ရှင်းကျီးက ချိပ်ပိတ်မှုကိုချိုးဖျက်ပြီးသည့်နောက် ချင်ဝမ်ဝမ်ဟာလည်း အဆင်သင့်ဖြစ်နေလေပြီ။ သူမက ကျန်ရှင်းကျီးနှင့်တိုင်ပင်ရန်လှည့်လာသည်။ "သူတို့ဘယ်နေရာမှာလဲဆိုတာ ကျွန်မခြေရာခံမိပြီ။ ကျွန်မတို့တွေ ဒီနေရာကနေ ဘယ်လိုထွက်ကြမလဲ"
VOCÊ ESTÁ LENDO
ခင်ပွန်းသည် ကိုကိုလူကြမ်းကြီး
RomanceTitle - ခင်ပွန်းသည် ကိုကိုလူကြမ်းကြီး/ The Husband was the Long Aotian/ I, this husband was once the Long Aotian. Happy Ending. Both Zawgyi and Unicode fonts are available.