အခန်း(၃၃) အခန္း(၃၃)

338 33 12
                                    

[Unicode]

ကျန်ရှင်းကျီးဟာ စကားပြောပြီးသည်နှင့် လက်သီးချက်များ တရစပ်ပိတ်ထိုးပစ်လိုက်သည်။ သူ့လက်သီးချက်များက အလွန်မြန်ဆန်လွန်းသဖြင့် ရှဲ့ကူးထန်တစ်ယောက် ပြန်လည်တိုက်ခိုက်ရန် အခွင့်မသာဖြစ်နေခဲ့သည်။ သူ့ခမျာ သူ့မျက်နှာကို လက်ဖြင့်ကာထားလျက် နောက်သို့တောက်လျှောက်ဆုတ်သွားနေရရှာသည်။

ချင်ဝမ်ဝမ်က အလျင်အမြန်ရှေ့လှမ်းသွားကာ ကျန်ရှင်းကျီးကိုထိန်းကိုင်၍ စိတ်ပူပန်စွာပြောတော့သည်။ "ဆရာ၊ ဒါက ကျင့်ကြံသူအရှင်ရှဲ့ပါ။ သူက ကျွန်မကို ကူညီပေးတာပါ"

"ကျင့်ကြံသူအရှင်ကျန်၊ မတိုက်ခိုက်ပါနဲ့တော့" နန်ဖုန်းကလည်း ရှဲ့ကူးထန်၏လက်မောင်းများကြားမှ ခေါင်းပြူထွက်လာကာ စိုးရိမ်တကြီးဝင်ပြောလာသည်။ "ဒါက ကျင့်ကြံသူအရှင်ရှဲ့ပါ"

"ရှဲ့ကူးထန်လား" ကျန်ရှင်းကျီးတစ်​ယောက် ချင်ဝမ်ဝမ်ဆွဲထိန်းထားခြင်းကိုခံ​နေရရှာသည်။ သူ မည်သို့မျှမပြောနိုင်ခင်မှာပင် အ​ပေါ်ထပ်မှ ချွေ့လွိ၏အေးစက်စက်အော်သံကို ကြားလိုက်ရသည်။ "သူ့ကိုဖမ်းကြစမ်း"

အသံထွက်ပေါ်လာသည်နှင့် ဝိညာဉ်စွမ်းအင်များဟာ သူတို့ထံတိုးဝင်လာလေသည်။ ကျန်ရှင်းကျီးက ချင်ဝမ်ဝမ်ကိုလှမ်းဆွဲကာ ဘေးသို့ခုန်ရှောင်သွားလိုက်၏။ သူတို့ရပ်နေကြသည့်မြေပြင်နေရာတွင် 'ဗုန်း'ခနဲမြည်သံကျယ်ကြီးနှင့်အတူ ‌နက်ရှိုင်းသောမြေတွင်းပေါက်ကြီးတစ်ခုဖြစ်သွားခဲ့၏။

ကျန်ရှင်းကျီးနှင့် ချင်ဝမ်ဝမ်တို့နောက်တွင် ဝိညာဉ်စွမ်းအင်တစ်ပြုံတစ်ခေါင်းက အနီးကပ်လိုက်လာနေသည်မှာ ပေါက်ကွဲ‌နေသော ဗုံးများကဲ့သို့ပင်။ နှစ်ယောက်စလုံးဟာ ပြတင်းပေါက်ဆီသို့ပြေးသွားလိုက်ကြသည်။ ကျန်ရှင်းကျီးက အော်လိုက်၏။ "မြန်မြန်လာ"

ထိုသို့ပြောဆို‌ရင်းဖြင့် သူနှင့်ချင်ဝမ်ဝမ်ဟာ ပြတင်းပေါက်မှတစ်ဆင့် သူတို့ဘေးနားရှိ တံစက်မြိတ်ပေါ်သို့ ခုန်ဆင်းလိုက်ကြသည်။ နှစ်ယောက်သား အသံတိတ်နားလည်မှုဖြင့် မြို့ပြင်သို့ဦးတည်ကာ တစ်ယောက်ကဘယ်ဘက်၊ တစ်ယောက်ကညာဘက်မှ ပြေးလာခဲ့ကြလေသည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးDonde viven las historias. Descúbrelo ahora