အခန်း (၃) အခန္း (၃)

1K 134 14
                                    

[Unicode]

ကျန်ရှင်းကျီးတစ်ယောက် တောင်အောက်သို့လွှင့်ပစ်ခံလိုက်ရချိန်တွင် ချင်ဝမ်ဝမ်တစ်ယောက်ကမူ အိပ်မက်မက်လို့နေ၏။

အိပ်မက်ထဲတွင် ရွှေရောင်မုခ်ဦးကြီးတစ်ခု တိမ်များကြား၌ မားမားမတ်မတ်ကြီးရှိနေလျက် မြေပြင်နှင့် ကောင်းကင်ဘုံအား လှေကားထစ်များဖြင့် ဆက်သွယ်ထားလေသည်။

အဝေးတစ်နေရာဆီမှ တစ်ခုပြီးတစ်ခုလာနေသည့် သမုဒ္ဒရာလှိုင်းများကဲ့သို့ ရေသံများကို ချင်ဝမ်ဝမ်ကြားလိုက်ရသည်။

ထိုမုခ်ဦးပေါက်ဝတွင်ရပ်ကာ ခေါင်းမော့ကြည့်လိုက်သည့်အခါ အပေါ်တွင် စကားလုံးအကြီးကြီး(၃)လုံးဖြင့် 'တန်းရှန်းမုခ်ဝ'(နတ်ဘုရားမုခ်ဝ)ဟုရေးသားထား၏။

တန်းရှန်းမုခ်ဝလား။

ချင်ဝမ်ဝမ်တစ်ယောက် နည်းနည်းမည်သို့လုပ်ရမှန်းမသိဖြစ်နေသည်။

တန်းရှန်းမုခ်ဝအကြောင်းဒဏ္ဍာရီကို သူမသိလေသည်။ နတ်ပြည်တွင်ရှိသည့် တန်းရှန်းမုခ်ဝဆိုသည်မှာ အမှန်စင်စစ်တွင် 'ငါးကြင်းငါးသိုင်းမျိုးငါးက နဂါးမုခ်ဝပေါ်ခုန်ကျော်တက်ခြင်း'ဟု ခေါ်ဆိုကြသည့် လူ့ပြည်ရှိ နဂါးမုခ်ဝတစ်ခုပင်။

ဒီကိုဘာလို့ရောက်နေရတာလဲ။

ထိုအချင်းအရာနှင့်ပတ်သက်၍ တွေးတောနေချိန်မရလိုက်မီ နဂါးတစ်ကောင်၏ဟိန်းဟောက်သံကို သူမကြားလိုက်ရသည်။ ထို့နောက်တွင်မူ ဘေးပတ်ဝန်းကျင်ရှိရေလှိုင်းသံများ တိုးတိတ်ပျောက်ကွယ်သွားကာ စနစ်၏အသံမှာ ပိုကျယ်လာတော့သည်။ "လက်ခံထားသူရေ၊ ခင်ဗျားအသက်ရှိသေးလား၊ လက်ခံထားသူ"

ချင်ဝမ်ဝမ် သူမ၏မျက်လုံးများကိုလှုပ်ရှားလိုက်သည်။ ပထမဆုံးအနေဖြင့် ဆေးနံ့များရလိုက်၏။ မျက်လုံးဖွင့်သည်ဆိုရုံလေးဖွင့်လိုက်ပြီးသည့်နောက် ဆေးခန်းမဆောင်တွင်သာရှိတတ်သော ခြင်ထောင်ထိပ်တွင်ဆေးအိတ်များတွဲလွဲချိတ်ထားသည့် ခြင်ထောင်တစ်ခုအား မြင်တွေ့လိုက်ရသည်။

"လက်ခံထားသူ၊ မင်း နိုးလာပြီပဲ"

(၃၈)၏လေသံမှာ စိတ်လှုပ်ရှားသည့်အသံပေါက်လာသည်။ "မင်းကတော့ ငါ့ကိုလန့်သေအောင်လုပ်နေတာပဲ။ မင်းသေတော့မယ်လို့ ငါထင်နေတာ"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးOnde histórias criam vida. Descubra agora