အခန်း(၃၆) အခန္း(၃၆)

447 45 7
                                    

Translated by Hae Yar
Edited by me

[Unicode]

ချင်ဝမ်ဝမ်တစ်ယောက် သူမကိုယ်သူမ စိတ်တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်း သုံးကြိမ်ရှူလိုက်သည်။ သူမဟာ ကျန်ရှင်းကျီး၏ဦးနှောက်မဲ့ခေါင်းကို ​ဖောက်ခွဲပစ်လိုသည့် မြင်ကွင်းများအား တွေးမနေတော့ပေ။

စိတ်ထိန်းလိုက်ကာ ခေါင်းငုံ့၍ လက်ဆေးနေစဉ် မျက်ဝန်းများက အေးစက်လင်းလက်သွား၏။

လူကြီးလူကောင်းတစ်ယောက်အတွက်လက်စားချေဖို့က ဆယ်နှစ်လည်း နောက်မကျလွန်းပါဘူး။

အနှေးနဲ့အမြန် တစ်နေ့နေ့ပေါ့...

သူမဟာ အတွေးထဲနစ်မျောနေလျက်ရှိသည်။

အနှေးနဲ့အမြန်ရောက်လာမယ့် တစ်‌နေ့ကျရင် ဘာလုပ်ရမလဲ။

သူ့ခေါင်းကိုတက်နင်းပစ်ရမလား။

တက်နင်းပစ်ခဲ့ပြီးပြီပဲ။

ရိုက်နှက်ပစ်ရမလား။

သူ့အရိုးတွေတစ်စစီကျိုးပဲ့သွားအောင် ငါ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ပြီးပြီပဲ။

သူ့ကိုမျက်ရည်ကျအောင်လုပ်ပြီး သူ့နှလုံးသားထဲကနေ တောင်းပန်လာစေရမယ်။

အဲဒါတော့ မဖြစ်နိုင်တဲ့ပုံပဲ

ငါဘာများထပ်လုပ်နိုင်ဦးမလဲ။

ချင်ဝမ်ဝမ်တစ်​ယောက် သူမဘဝအကြောင်းတွေးတောရင်းဖြင့် တဒင်္ဂမျှစိတ်ရှုပ်နေခဲ့သည်။ သို့သော် မကြာမီပင် အရာအားလုံး၌ သူမနှလုံးသားသာ အရေးကြီးဆုံးဖြစ်၍ ‌အစောကြီးထဲမှ အရှုံးမပေးသင့်ကြောင်းနားလည်လာသည်။

ငါခုချိန်သူ့ကို သည်းခံထားရမယ်။ သူ့ကို အကဲခတ်ကြည့်ရင်း စောင့်နေရမယ်။ သူ့ယုံကြည်မှုကို အရင်ရအောင်ယူပြီးမှ သူ့အားနည်းချက်ကို အမိဖမ်းပစ်မယ်။ ဒီလိုနဲ့ နောက်ဆုံးကျရင် သူပြိုလဲသွားပြီးတော့ မျက်ရည်နဲ့မျက်ခွက် ငါ့ကိုဝန်ခံလာစေရမယ်။

ထိုမြင်ကွင်းကို မြင်ယောင်ကာ ချင်ဝမ်ဝမ့်နှလုံးသားထဲ အနည်းငယ်သက်သောင့်သက်သာဖြစ်လာသည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးHikayelerin yaşadığı yer. Şimdi keşfedin