အခန်း (၁၄) အခန္း (၁၄)

632 97 4
                                    

[Unicode]

ဘယ်သူကြီးတုန်း။

ချင်ဝမ်ဝမ် ရုတ်ခြည်းခေါင်းလှည့်ကြည့်လိုက်သည့်အခါ တံခါးဝတွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးအားမြင်တွေ့သွား၏။ သူ့ခေါင်းပေါ်တွင် အဖြူရောင်ခပ်မြင့်မြင့်ဦးထုပ်တစ်လုံးကိုဆောင်းထားလျက် စက္ကူပိုက်ဆံများတွဲလောင်းချိတ်ထားသော လက်ကိုင်တုတ်တစ်ခုဟာ သူ့လက်ပေါ်တင့်တယ်ကြော့ရှင်းစွာတွဲလွဲခိုနေသည်။ သေသေချာချာခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပြီးသည့်နောက် ထိုအရာက ဈာပနတုတ်တစ်ချောင်းဖြစ်နေမှန်း သူမသဘောပေါက်သွားတော့၏။

ချင်ဝမ်ဝမ်တစ်ယောက် ထိုပုဂ္ဂိုလ်ကိုမြင်သော် နည်းနည်းနား​ဝေတိမ်​တောင်ဖြစ်သွားလျက် "ရှင် ကျွန်မကိုသိလို့လား"

"မိန်းကလေး" မြို့တံခါးရှေ့မှ မြေးအဖိုးနှစ်ယောက်ဟာ ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်၏နောက်ကနေ ထွက်လာကာ ချင်ဝမ်ဝမ်အား အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့ခေါင်းများကိုလှည့်လျက် ချင်ဝမ်ဝမ့်အနောက်ဘက်တွင် လျှောက်လာနေသော ကျန်ရှင်းကျီးအား လှမ်းကြည့်ကာ အရိုအသေပေးလိုက်ကြသည်။ "သခင်လေး"

"လက်စသတ်တော့ ရှင်တို့ကိုး" ချင်ဝမ်ဝမ်တစ်ယောက် အသိစိတ်ပြန်ဝင်လာသည်။ အဖြူရောင်ဝတ်စုံနှင့်လူငယ်က အသာလေးပြုံးလျက် "ခုနကတုန်းက ကျွန်တော့ဆရာဦးလေးခမျာ မြို့တံခါးရှေ့မှာ အရှက်ခွဲခံနေရရှာတာ။ ကံကောင်းချင်တော့ မိန်းကလေးဘက်ကဓားဆွဲပြီးဝင်ကူညီပေးခဲ့တာကြောင့် ကျွန်တော့ရဲ့ဆရာဦးလေး မြို့ထဲကိုချောချောချူချူဝင်နိုင်ခဲ့တာပါ။ ဒီပိုင်မျိုးရိုးက ဒါကိုကြားကြားချင်း မိန်းကလေးကိုကျေးဇူးတင်စကားပြောဖို့ အမြန်လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပိုင်မျိုးရိုး မိန်းကလေးနဲ့ဆုံမိတဲ့အချိန်မှာ မိန်းကလေးက ရန်စခံနေတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ ဒီလူသာ စောစောစီးစီးရောက်လာခဲ့မိရင် မိန်းကလေးကို ဒီလိုမျိုးတွေဘယ်တော့မှ ကြုံတွေ့ခွင့်ပေးမှာမဟုတ်ပါဘူး"

"ငါပြောတာကြည့်လေ" (၃၈)အားပေးစကားပြောလာသည်။ "ကျန်ကျီးရန်က မင်းကို အလကားသက်သက်ပြဿနာဖန်တီးပေးတာမဟုတ်ဘူး။ မင်းကို ဇာတ်ကွက်တစ်ခုဖြစ်လာအောင် လုပ်ပေးလိုက်တာပါဆို"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးDonde viven las historias. Descúbrelo ahora