အခန်း(၃၉) အခန္း(၃၉)

169 25 1
                                    

Translated by Hae Yar
Edited by Me
[Unicode]

ဤသို့ကြားလိုက်ရ၍ ရှဲ့ကူးထန်တစ်​ယောက် အံ့အားသင့်နေစဉ် ကျန်ရှင်းကျီးဟာ ခေါင်းလှည့်၍ ထွက်လာခဲ့လိုက်သည်။

လူနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကိုမြင်သော် ချင်ဝမ်ဝမ်ဟာ သွက်သွက်လက်လက်ရှေ့လှမ်းသွား၏။ သူမက စိတ်လှုပ်ရှားမှုများဖြင့်ကြည့်လျက် "ဆရာ၊ ရှင်က အရမ်းအံ့ဩစရာကောင်းတယ်၊ ရှင်ကပထမပဲ"

"မင်းဆရာလုပ်ခဲ့တာပဲကို နံပါတ်တစ်မဖြစ်စရာလား"

ကျန်ရှင်းကျီးက သူ့အင်္ကျီကိုဆွဲတင်လိုက်ကာ သူ့ဂုဏ်ယူမှုနည်းနည်းကိုလျှော့ချလျက် "ပြန်သွားကြစို့"

ထိုသို့ပြောဆိုရင်းဖြင့် ကျန်ရှင်းကျီးက အရင်ခြေလှမ်းလှမ်းသွားခဲ့သည်။ ချင်ဝမ်ဝမ်လှည့်ကြည့်လိုက်သော် ရှဲ့ကူးထန်က အနောက်မှမျက်မှောင်ကြုတ်ကာ လိုက်လာသည်ကို မြင်လိုက်ရ၏။ သူမက အနည်းငယ်ထူးဆန်းသကဲ့သို့ခံစားလာရကာ "ကျင့်ကြံသူအရှင်ရှဲ့ဘာဖြစ်လို့လဲဟင်။ ရှင့်ကိုကြည့်ရတာ မျက်နှာမကောင်းပါလား"

"ထွေထွေထူးထူး မဟုတ်ပါဘူး" ရှဲ့ကူးထန်က ခေါင်းခါလျက် "ငါနည်းနည်းစိတ်ရှုပ်ထွေးနေလို့ပါ"

"ဘာကိုရှုပ်ထွေးနေလို့လဲ"

"အစ်ကိုက အခုလေးတင်ပဲ ငါ့ကိုပြောလိုက်တာ" ရှဲ့ကူးထန်က အလေးအနက်ပြောလာသည်။ "အဆွေတော်ကျင့်ကြံသူချင်ရဲ့နာမည်အရင်းက ကုပေချန်းတဲ့။ ငါ ခဏလောက် မိန်းကလေးကို ဘယ်လိုခေါ်ရမှန်းမသိဖြစ်သွားလို့ပါ"

ကျန်ရှင်းကျီးတစ်​ယောက် ရှေ့ကလျှောက်သွားနေရင်းမှပင် သူတို့စကားများကိုနားထောင်ကာ ရုတ်ခြည်း အပြစ်ရှိသကဲ့သို့ခံစားလိုက်ရသည်။ ထို့ပြင်မည်သို့ကြောင့်မှန်းမသိ သူဟာ ထင်ယောင်ထင်မှားဖြစ်လာသည်။ သူက သူ့အတန်းဖော်များအား တိတ်တိတ်လေးအနိုင်ကျင့်နေသည်ကို ဆရာက သိသွားသကဲ့သို့ပင်။

သူက ပြန်လှည့်ကာ သူတို့နှစ်ယောက်အား တစ်ချက်ကြည့်လိုက်သည်။ ရယ်လျက် ခေါင်းယမ်းပြကာ ပြောနေသည့် ချင်ဝမ်ဝမ်ကိုမြင်တွေ့လိုက်ရ၏။ "ကျင့်ကြံသူအရှင်ရှဲ့၊ စိတ်ထဲမထားပါနဲ့။ ကုပေချန်းဆိုတာ ကျွန်မဆရာအတွက်ပဲထားတဲ့နာမည်မို့ ကျွန်မကို ချင်ဝမ်လို့ပဲခေါ်ပါ"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ