[Unicode]
သည့်မတိုင်ခင်က ချင်ဝမ်ဝမ်တစ်ယောက်ဟာ နတ်ပြည်မှာရှိသော ဒုတိယမျိုးဆက်များထဲ အပျော်ရွှင်ရဆုံးသူတစ်ယောက်ပင်။
သူမက သုံးစားမရသည့်ငါးဆားနူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း နာမည်ကောင်းရထားကာ ဂုဏ်သတင်းမွှေးလျက် အောင်မြင်ကျော်ကြားနေသူများကို သူမ၏မိဘများမှ တံစိုးလက်ဆောင်များပေးလျက် သူမ၏အောင်မြင်မှုများကိုလုပ်ကြံဖန်တီးပေးခဲ့ကြလေသည်။ ထိုနည်းအားဖြင့် နတ်ပြည်၌ သူမ အေးအေးဆေးဆေး၊ သာသာယာယာနေနိုင်ခဲ့၏။
တစ်ရက်သောနေ့ကို မရောက်ခင်အထိသာ။
တစ်လောကလုံးပတ်၍ လူအများနှင့်တိုက်ခိုက်သတ်ပုတ်လျက်ရှိသူ ကျန်ရှင်းကျီးတစ်ယောက် သူမ၏စွမ်းပကားကိုလေးစားသဘောကျမှုကြီးကြောင့် တိုက်ခိုက်သတ်ပုတ်ကြရန် ရောက်ရှိလာချိန်မတိုင်ခင်အထိသာ။
သူမခမျာ မြေပြင်ပေါ်ဖိချခံလိုက်ရလျက် သူက သူမမျက်နှာပေါ်တက်နင်းလို့ထား၏။ သူ့ဓားကိုတစ်ချက်လွှဲလိုက်ရုံဖြင့် သူမအား နတ်ပြည်မှ 'အားအကြီးဆုံးမေရီစူး' ဝတ္ထုထဲသို့ ဝိညာဉ်ကူးပြောင်းသွားစေခဲ့တော့သည်။ ထို့နောက် ကြောက်စရာအကောင်းဆုံးဇာတ်ပို့မ ချင်ဝမ်ဖြစ်လာခဲ့ရသည်။
သူမ ချင်ဝမ်ဖြစ်လာလာချင်းပင် သူမခမျာမြေပြင်ပေါ်ဖိချခံရပြန်လေသည်။ သို့သော် ယခုမှာမူ တရားစီရင်ရေးစင်တစ်ခုပေါ်တွင်ဖြစ်လေ၏။ သူမအနားတွင်ရှိနေကြသူများက သူမဟာ ဇာတ်လိုက်မကိုထိခိုက်နာကျင်အောင်လုပ်သူဖြစ်သဖြင့် သတ်ပစ်သင့်သည်ဟု အော်ဟစ်နေကြ၏။
ထိုနေ့မှစ၍ သူမ ကျန်ရှင်းကျီးအား ကလဲ့စားချေမည်ဟု ကျိန်ဆိုခဲ့တော့သည်။
ထိုနောက်ပိုင်းတွင် သူမဟာ ဝိညာဉ်ကူးပြောင်းလာဖော်၊ကူးပြောင်းလာဖက်တစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့ကြကာ ထိုသူဆီတွင် ပညာသင်ယူခဲ့၏။
ချင်ဝမ်ဝမ် "ဒါဆို ရှင်လည်း ဝိညာဉ်ကူးပြောင်းလာခဲ့တဲ့သူပဲပေါ့လေ"
ကျန်ရှင်းကျီး "အင်း"
ချင်ဝမ်ဝမ် "ဒါဆို ရှင့်နာမည်က ဘယ်လိုခေါ်လဲ၊ ပြီးတော့ ရှင် အရင်က ဘာလုပ်ခဲ့တဲ့သူလဲ"
ESTÁS LEYENDO
ခင်ပွန်းသည် ကိုကိုလူကြမ်းကြီး
RomanceTitle - ခင်ပွန်းသည် ကိုကိုလူကြမ်းကြီး/ The Husband was the Long Aotian/ I, this husband was once the Long Aotian. Happy Ending. Both Zawgyi and Unicode fonts are available.