အခန်း(၂၉) အခန္း(၂၉)

301 46 0
                                    

Translated by Hae Yar
Edited by Me

[Unicode]

ထိုအချင်းအရာကို သိလိုက်ရသော် ချင်ဝမ်ဝမ်ဟာ ဤလှုပ်ရှားမှုအပေါ် ရုတ်ခြည်းပင် စိတ်ဝင်စားမှုပျောက်ဆုံးသွားလေသည်။ သူမဟာ မြေပြင်ပေါ်ပစ်လဲချလိုက်သည်။ ဒေါသကြောင့်ထိန်းချုပ်ထားရသော ပင်ပန်းနွမ်းနယ်မှုများအားလုံးဟာ သူမထံသို့ ရုတ်တရက်တိုးဝင်လာ၏။ သူမခမျာ နေရာတွင်ပင် နစ်မြုပ်သွားချင်သကဲ့သို့ မလှုပ်မယှက် လဲနေခဲ့သည်။

ကျန်ရှင်းကျီးတစ်​ယောက် မြေပြင်ထဲမှ သူကိုယ်တိုင် တူးထွက်လာကာ ကြိုးများကိုဖြေလိုက်၏။ ထို့နောက် သူမဆီလျှောက်လာ၍ သူ့ဓားဖြင့် သူမကို တို့လိုက်သည်။ "ထတော့၊ လေထဲမှာ ရေခိုးရေငွေ့ ‌​ရနေတာကြောင့် မနီးမဝေးမှာ အိုအေစစ်တစ်ခုရှိနေလောက်မယ်။ အဲဒီကိုသွားပြီး အနားယူကြအောင်။ ငါ မင်းအတွက် ငါးဖမ်းပေးမယ်"

ချင်ဝမ်ဝမ်က တုတ်တုတ်မျှမလှုပ်ဘဲ​မှောက်လျက်သားဆက်လဲ​​နေ​လေသည်။ ကျန်ရှင်းကျီးဟာ ထိုင်ချ၍ သူမကို သူ့ဓားဖြင့် ဆက်တို့တော့သည်။ "မရွေ့သေးဘူးလား။ ဒါက လီနှစ်ရာလောက်ပဲ ဝေးသေးတာကို မင်းက အရမ်းအဖြစ်သည်းလွန်းတယ်"

ချင်ဝမ်ဝမ်က စကားမဆိုလာ​ချေ။ သူမတွင် ကျန်ရှင်းကျီးကိုတုံ့ပြန်ရန် ခွန်အားရှိမ​နေပါ။ ကျန်ရှင်းကျီးဟာ တဒင်္ဂမျှတွေးတောနေလျက် သူမကို အဝါရောင်သဲပြင်ပေါ်မှ လှည့်ပစ်လိုက်သည်။ သူဟာ သူမကို ဆူပူကြိမ်းမောင်းချင်လာသည်။ သို့သော်လည်း ချင်ဝမ်ဝမ်၏ဖြူနုသန့်စင်သောမျက်နှာပေါ်တွင် သဲများဖုံးလွှမ်းနေ​​ကြောင်း မြင်တွေ့လိုက်သည်။ ထို့ပြင် သူမမျက်လုံးများက ဗလာကျင်းနေကာ သူမအမှန်တကယ်သေဆုံးသွားသကဲ့သို့ အသက်မဲ့နေခဲ့သည်။

သူမအားမတော်တဆသတ်မိသွားမည်စိုး၍ ကျန်ရှင်းကျီးတစ်ယောက် တဒင်္ဂမျှ အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ထို့ကြောင့် သူဟာ သူမသွေးခုန်နှုန်းကို အလျင်အမြန်စစ်ဆေးတော့သည်။ သူမအမှန်တကယ်ပင် ပုံလဲကျနေမှန်း သိလိုက်မှသာ သူဟာ စိတ်သက်သာရာရသွားသည့် သက်ပြင်းချလိုက်၏။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးDonde viven las historias. Descúbrelo ahora