အခန်း (၆) အခန္း (၆)

709 110 8
                                    

[Unicode]

"ငါ့မှာ နည်းလမ်းရှိမှန်း နင်ဘယ်လိုသိလဲ"

ချင်ဝမ်ဝမ်တစ်ယောက် ထိုသို့ လွှတ်ခနဲပြောလိုက်သည့်အခါ ကျန်ရှင်းကျီးအံ့အားသင့်သွားလျက် "မင်းမှာ တကယ်ပဲရှိတယ်လား"

စကားလုံးများထွက်သွားသည်နှင့် ကျန်ရှင်းကျီးစိတ်ထဲ ထိုစကားလုံးမှာလွဲနေသကဲ့သို့ တမဟုတ်ချင်းခံစားလိုက်ရသည်။ ထို့ကြောင့် ခပ်မြန်မြန်ပင်မေးလိုက်၏။ "ဘာလုပ်ဖို့စဉ်းစားထားလဲ"

ချင်ဝမ်ဝမ်စကားဆိုမလာဘဲ တုံ့ဆိုင်းဆိုင်းဖြစ်နေရင်းမှ ကျန်ရှင်းကျီး၏မျက်နှာကိုကြည့်လိုက်သည်။ ယခုအချိန်တွင် သူမပြောတော့မည့် 'လမ်းခွဲ'စကားကို အဆုံးသတ်လိုနေသည်။ သို့သော် မည်သည်မျှပြောမထွက်ဘဲဖြစ်နေ၏။ အချိန်အကြာကြီးချီတုံချတုံဖြစ်နေခဲ့ပြီးနောက် စကားတစ်ခွန်းပဲပြောထွက်လာခဲ့သည်။ "ငါ့မှာ ငါ့နည်းငါ့ဟန်နဲ့ရှိပါတယ်။ စိတ်မပူပါနဲ့။ ငါ နင့်ကို အရောင်းအဝယ်စာချုပ်နဲ့ပိုက်ဆံပေးလိုက်မယ်။ နင် ဥမင်လှိုဏ်ခေါင်းအတိုင်း..."

"မင်းက ငါ့ကိုစွန့်ပစ်ချင်ပြီလား" ကျန်ရှင်းကျီးသဘောပေါက်သွားကာ မျက်ခုံးများပင့်လိုက်သည်။ ချင်ဝမ်ဝမ် ခေါင်းအလိုလိုခါမိသွားလျက် "မဟုတ်ပါဘူး"

"ဒါဖြင့်ရင် မင်း ငါ့ကိုဘာလို့သွားခွင့်ပေးလိုက်ရတာလဲ"

"ငါ..." ချင်ဝမ်ဝမ်တစ်ယောက် သူမကိုရိပ်မိသွားသဖြင့် ကြောက်လန့်တကြားနှင့် စကားများအထစ်အထစ်ဖြစ်ကုန်တော့သည်။ "ငါက လုံခြုံတဲ့နေရာတစ်ခုကိုသွားစေချင်လို့"

အကြောင်းပြချက်တစ်ခုရှာလျက် ချင်ဝမ်ဝမ်အမြန်သရုပ်ဆောင်ရတော့သည်။ "ဒီတောင်က အရမ်းအန္တရာယ်များတာ၊ နင်က သာမန်သေမျိုးတစ်ယောက်လေ။ ငါ့ဘေးမှာနေရတာ မလုံခြုံဘူး"

"ငါက အန္တရာယ်ရှိတာမျိုးကိုမကြောက်ပါဘူး" ကျန်ရှင်းကျီးက ပိုင်နိုင်ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။ "ငါ မင်းနဲ့အတူတူရှိမှဖြစ်မယ်"

ထိတယ်ရှင်။

ထိုမျှနက်ရှိုင်းလှသည့်ခင်မင်ရင်းနှီးမှုကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ ချင်ဝမ်ဝမ့်ရင်ထဲအလွန်ထိသွားရရှာလေပြီ။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးOpowieści tętniące życiem. Odkryj je teraz