အခန်း(၃၈) အခန္း(၃၈)

284 35 3
                                    

Translated by Hae Yar
Edited by Me

[Unicode]

ကျန်ရှင်းကျီးပန်းခြံထဲဝင်သွားသည်နှင့်တစ်ပြိုင်နက် ချင်ဝမ်ဝမ်ဟာ နန်ဖုန်းအားဆွဲခေါ်လာသည်။ ထို့နောက် ပန်းခြံနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီးဆီသို့အလျင်အမြန်ပြေးလာကြလေသည်။

"ဒီနေ့စားသောက်ပွဲကို လူဘယ်နှယောက် တက်ရောက်လာကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ သူတို့ရဲ့ဂဏန်းသင်္ချာစွမ်းရည်က ဘယ်လိုရှိလဲဆိုတာ မြန်မြန်ရှာကြည့်လိုက်"

ချင်ဝမ်ဝမ်က နန်ဖုန်းကို သစ်ပင်ပေါ်တက်ရန် ညွှန်ကြားလိုက်သည်။ သူမကိုယ်တိုင်လည်းတက်ကာပန်းခြံအတွင်းရှိ အခြေအနေကို သစ်ပင်ပေါ်မှကြည့်တော့သည်။

သူမခမျာ မြင်လိုက်ချိန်တွင် ထိတ်လန့်အံ့ဩသွားရလေသည်။ ဤလူများအ​နေဖြင့် သူတို့မျက်နှာများကိုပြောင်းထား၍ မည်သူမည်ဝါများဖြစ်​ကြောင်းဖုံးကွယ်ထားကြပါ​သော်လည်း စိတ်ဝိညာဉ်အလင်းအရ ရှန်ကျိမင်နဲ့ ကျွင်းရှူးဖြစ်​ကြောင်း သူမတန်းမှတ်မိလိုက်သည်။ သူတို့အပြင် စိတ်ဝိညာဉ်အသွင်ပေါ်ခြင်းအဆင့်နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိသူ​များလည်း ထို​နေရာတွင်ရှိ​နေကြလေသည်။

ဘယ်လိုဖြစ်ကုန်တာပါလိမ့်။ အဲဒီမှာ ဆရာကြီး​တွေ ဘာလို့ဒီလောက်များနေရတာလဲ။

ချင်ဝမ်ဝမ်တစ်ယောက် တဒင်္ဂမျှအံ့အားသင့်နေခဲ့သည်။ သူမဟာ တံတွေးမျိုချကာ မြန်မြန်ဆန်ဆန်စိတ်လျှော့ချလိုက်သည်။ ထို့နောက် တစ်မုဟုတ်ချင်းပင် သူမနည်းဗျူဟာကို ပြောင်းတော့သည်။

အဲဒီနေရာမှာ ဆရာကြီးတွေများနေမှတော့ ကျန်ရှင်းကျီးရဲ့လက်ရှိခန္ဓာကိုယ်က အမြုတေအဆင့်ထက်ပိုမှာ မဟုတ်တော့ဘူး။ သူတော့ လက်နက်သန့်စင်တာကို အခွင့်ကောင်းမယူနိုင်တော့ဘူးပဲ။ ပြီးတော့ လက်နက်သန့်စင်တာကိုအသုံးချပြီး ဂဏန်းသင်္ချာအမှတ်ကိုကာဖို့စိတ်ကူးကလည်း အခြေခံအားဖြင့် မဖြစ်နိုင်လောက်တော့ဘူး။

ချင်ဝမ်ဝမ်က ထိုအကြောင်းကိုတွေးတောလျက် သူမလက်မြှောက်ကာ နားကိုထိလိုက်သည်။ သူမနားတွင် သေးငယ်သည့်အင်းအစီအရင်တစ်ခု‌လင်းလက်လာကာ ကျန်ရှင်းကျီး၏နာမည်ကို အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ "ကျန်ရှင်းကျီး၊ ရှင် ကျွန်မခေါ်တာကြားရလား"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးWo Geschichten leben. Entdecke jetzt