အခန်း (၁၀) အခန္း (၁၀)

738 146 16
                                    

[Zawgyi]

ဤမျှကျယ်လောင်လှသည့်ဟိန်းဟောက်သံကြီးကြောင့် စူးယွဲ့လီတစ်ယောက် တဒင်္ဂမျှမှင်တက်သွားရသည်။ ထို့နောက်တွင်မူ အပေါ်ရုံတစ်ထည်ကောက်စွပ်လျက် ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ ဒယိမ်းဒယိုင်ဖြင့် တံခါးကိုတွန်းဖွင့်ကာ ကျွင်းရှူးအား ဝမ်းပန်းတနည်းကြည့်၍ အော်ပြောလိုက်တော့သည်။ "ကိုကိုကျွင်း"

"ပါးစပ်ပိတ်ထားစမ်း"

ကျွင်းရှူးက အဝတ်အစားကပိုကရိုနှင့် ဆံပင်ဖို့ရို့ဖားယားဖြစ်နေသောစူးယွဲ့လီအား လက်ညှိုးထိုးလျက် "ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို မင်းရှင်းရှင်းလင်းလင်းရှင်းပြလို့ရတယ်"

"ကြည့်ရတာတော့ ဒီက သခင်လေးကျွင်းထင်တယ်"

နင်ပုရှိုးက သူ့အဝတ်အစားများကိုသပ်ရပ်အောင်လုပ်လျက် အပေါက်ဝဆီလျှောက်လာကာ စူးယွဲ့လီပေါ်အပေါ်ရုံကိုသေချာဂရုတစိုက်ခြုံပေးလိုက်သည်။ ထို့နောက် ကျွင်းရှူးအား ရည်ရည်မွန်မွန်လေးပြုံးပြလာကာ "ခင်ဗျားအကြောင်း ယွဲ့လီမကြာခဏပြောတာ ကြားဖူးပါတယ်။ ပြီးတော့ ကျွန်တော် ဒီနာမည်ကို လေးစားအားကျမိနေတာကြာပြီဗျ"

"ပြောပြတယ်"

ကျွင်းရှူး နှာရှုံ့လိုက်ကာ "ဘယ်လိုမျိုးများပြောပြထားတာလဲ။ သခင်လေးနင်၊ ခင်ဗျား ကျွန်တော့ကို အဲ့ဒီအကြောင်းပြောပြပေးနိုင်မလား"

ကျွင်းရှူး၏ရန်လိုနေမှုအား နင်ပုရှိုးသတိပြုမိလိုက်သည်။ သူက စူးယွဲ့လီအား လှမ်းကြည့်လိုက်၏။ စူးယွဲ့လီတစ်ယောက် တဒင်္ဂမျှကြောင်ငေးငေးဖြစ်နေပြီနောက် နင်ပုရှိုးအားဆွဲကိုင်လျက် တိုးတိုးပြောလိုက်သည်။ "ပုရှိုး၊ ရှင် အရင် အခန်းထဲဝင်နှင့်ချည်။ ကျွန်မနဲ့သူနဲ့ကြား နားလည်မှုလွဲတာလေးတွေရှိနေတာမျိုးဖြစ်မှာ စိုး..."

စကားမဆုံးမီပင် အချိန်အကြာကြီးသည်းညည်းခံထားခဲ့ရသော ကျွင်းရှူးတစ်ယောက် သူတို့နှစ်ယောက်၏ယုယကြင်နာမှုတို့အား မြင်နေရကာ သူ့ဒေါသကို မချုပ်တည်းထားနိုင်တော့ချေ။ သူ့လက်ကိုမြှောက်၍ နင်ပုရှိုးအား ပုလွေဖြင့် ပစ်ပေါက်လိုက်တော့သည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးHikayelerin yaşadığı yer. Şimdi keşfedin