အခန်း (၁၅) အခန္း (၁၅)

569 94 9
                                    

[Unicode]

ကျန်ရှင်းကျီး၏အသံက မှော်စွမ်းအားတစ်မျိုးမျိုးပါနေပုံရသည်။ ထိုအရာကိုကြားသည်နှင့် ချင်ဝမ်ဝမ်တစ်ယောက် အိပ်ငိုက်လာကာ နောက်တစ်ခါအိပ်ပျော်သွားပြန်၏။

နောက်တစ်နေ့မနက်ချင်ဝမ်ဝမ်အိပ်ရာနိုးလာသည့်အခါ ကျန်ရှင်းကျီးတစ်ယောက်ကမူ တရားထိုင်နေဆဲသာရှိသေးသည်။ သူမက မနက်စောစောစီးစီးကြီး ထွက်ပြေးလာလိုက်ရာ ထွက်လာလာချင်းပင် ပိုင်စွေ့ယုံးနှင့်သွားဆုံ၏။ သူက ချင်ဝမ်ဝမ့်အားမြင်သော် ဝမ်းသာအားရနှုတ်ဆက်လာသည်။ "မိန်းကလေးလီ၊ ဘယ်သွားမလို့လဲဗျ"

"အယ်၊ အဆွေတော်ကျင့်ကြံသူပိုင်ပဲ" ချင်ဝမ်ဝမ်က နှုတ်ဆက်ကာ အပြင်ဘက်ဆီလှမ်းထိုးပြလိုက်လေသည်။ "ကျွန်မက အလုပ်တစ်ခုသွားရှာဖို့စီစဉ်နေတာ။ သာမန်လူတွေအတွက် အလုပ်တစ်ခုခုကို ကျွန်မဘယ်နားသွားရှာလို့ရနိုင်မလဲဆိုတာ အဆွေတော်ကျင့်ကြံသူများ သိသလား"

"မိန်းကလေးလီ၊ အရှေ့ပိုင်းလမ်းက ဝမ့်ရှစ်ဖန်းကိုတစ်ချက်သွားကြည့်လိုက်ပါလား။ ကျွန်တော်ကြားမိတာတော့ ပိုက်ဆံရှိနေသ​ရွေ့ အဲ့ဒီမှာ မဖြစ်နိုင်တာဘာမှမရှိဘူးဆိုပဲ"

"အဲ့ဒါဆိုကောင်းတာပေါ့" ချင်ဝမ်ဝမ်တစ်ယောက် ရွှင်ရွှင်မြူးမြူးဖြစ်လာကာ "ကျွန်မအခုချက်ချင်း အဲ့ဒီကိုသွားတော့မယ်"

"ကျွန်တော်လည်း အရှေ့ပိုင်းလမ်းဘက် မြင်းငှားဖို့သွားမလို့" ပိုင်စွေ့ယုံးက ကမ်းလှမ်းလာသည်။ "ကျွန်တော်တို့အတူတူသွားကြရင်ရော"

"ကောင်းတာပေါ့"

ချင်ဝမ်ဝမ်တစ်ယောက် သွားရန်သဘောတူလိုက်ကာ ပိုင်စွေ့ယုံးနှင့်အတူတူ အရှေ့ပိုင်းလမ်းဘက်သို့ လျှောက်လာခဲ့လေသည်။

ပိုင်စွေ့ယုံးက ရွှင်ရှန်းမြို့အားအလွန်ကောင်းကောင်းသိကာ အာဝဇ္ဇန်းရွှင်လှ၏။ သူက ချင်ဝမ်ဝမ့်အား လမ်းတစ်လျှောက်ရှိမြို့ထဲမှဒေသအစားအစာမျိုးစုံကို မိတ်ဆက်ပေးသွားသည်။ နှစ်ယောက်သား မြန်မြန်ဆန်ဆန်ရင်းနှီးလာကြတော့သည်။ ပိုင်စွေ့ယုံးက ချင်ဝမ်ဝမ့်အား သူမအဘယ်ကြောင့် ဝမ့်ရှစ်ဖန်းသို့သွားရကြောင်း မေးမြန်းလာသည်။ "မိန်းကလေးလီက သခင်လေးကျန်းအတွက် အလုပ်တစ်ခုရှာပေးဖို့ စီစဉ်နေတာလား"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးWhere stories live. Discover now