အခန်း (၁၃) အခန္း (၁၃)

577 94 6
                                    

[Unicode]

ထိုစကားလုံးများထွက်လာသည်နှင့် လူတိုင်းက ချင်ဝမ်ဝမ်အားလှမ်းကြည့်လိုက်ကြသည်။ ထို့နောက် ဧရာမဓားကြီးများအပြုံလိုက်ဟာ သူမဆီလှမ်းချိန်လာကြသည်။ "မင်းက မင်းမှုထမ်းတွေကို ရိုက်နှက်ချင်တယ်ပေါ့လေ"

"ငါမရိုက်နှက်ချင်ပါဘူး"

"အမှန်ပဲ"

နှစ်ယောက်သား မြန်မြန်ဆန်ဆန်တုံ့ပြန်ကာ ပြိုင်တူပြောလိုက်ကြသည်။ ချင်ဝမ်ဝမ်တစ်ယောက် ကျန်ရှင်းကျီးအား ထိတ်လန့်တုန်လှုပ်စွာဖြင့်ကြည့်လျက် "နင် ငါ့ကိုဘာလို့အန္တရာယ်ဖြစ်အောင် အရမ်းလုပ်ချင်နေရတာလဲ"

ကျန်ရှင်းကျီးတစ်ယောက် ပြောစရာစကားမရှိဖြစ်နေသည်။ သူက အချိန်အကြာကြီး တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးမှ နောက်ဆုံးတွင် အကြောင်းပြချက်တစ်ခုကိုရှာတွေ့သွားတော့သည်။ "သူတို့တွေက အရမ်းလွန်းလွန်ကြတာပဲလို့ မင်းမထင်မိဘူးလား"

"နင် ဘယ်အချိန်တုန်းကစပြီး အရမ်းတွေသတ္တိရှိရှိတွေလုပ်တတ်သွားရတာလဲ"

"ကောင်းကင်ဘုံလမ်းစဉ်ကို ကျင့်ကြံအားထုတ်တဲ့လူတစ်ယောက်အတွက်တော့" ကျန်ရှင်းကျီးက တရားနည်းလမ်းကျကျပြောလာသည်။ "အားကြီးတဲ့သူတွေကို ဖယ်ရှားသုတ်သင်ပစ်ပြီး အားနွဲ့တဲ့သူတွေကိုရိုင်းပင်းကူညီရတာကလည်း အတွေ့အကြုံရစရာကိစ္စတစ်ခုပဲ"

"ကောင်းကင်ဘုံလမ်းစဉ်ကိုကျင့်ကြံအားထုတ်တဲ့သူက ငါပါ၊ နင်မဟုတ်ပါဘူး"

"ဒါကြောင့်ပဲ ငါက မင်း အတွေ့အကြုံရအောင် အခွင့်အလမ်းတွေကူပြီးဖန်တီးပေးမှာလေ"

သူက ထိုသို့ပြောဆိုနေချိန်မှာပင် ဧရာမဓားကြီးတစ်ချောင်းဟာ ကျားကြီးတစ်ကောင်ကဲ့သို့ ရောက်ချလာလေသည်။ ကျန်ကျီးရန်တစ်ယောက် ချင်ဝမ်ဝမ်၏ငွေအသပြာအိတ်ကိုဆုပ်ကိုင်ကာ သူ့လက်ထဲ အသာလေးဆွဲယူလျက် မည်သူမျှသတိမထားမိလိုက်စဉ် သူ့အင်္ကျီလက်ထဲလျှောထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူနှင့်ချင်ဝမ်ဝမ်ဟာဘေးတစ်ဘက်တစ်ချပ်စီသို့ဆုတ်လိုက်ကြ၏။ ဓားက သူတို့ကြားထဲသက်ဆင်းသွားလေသည်။

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးDove le storie prendono vita. Scoprilo ora