အခန်း(၂၂) အခန္း(၂၂)

374 51 2
                                    

Translated by Hae Yar
Edited by Me

[Unicode]

လျှောက်လွှာဖြည့်ပြီးသည့်နောက် ချင်ဝမ်ဝမ်တို့အုပ်စုဟာ ပြင်ဆင်မှုတချို့ပြုလုပ်ခဲ့ကြသည်။ နောက်နေ့ နံနက်စောစောတွင် ထျန်းကျန့်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ဟာ သူတို့အား အနောက်ဘက်တောင်၌ စုဝေးရန် အကြောင်းကြားလာသည်။

ချင်ဝမ်ဝမ် နံနက်စော‌စောထ၍ သူမကိုယ်သူမ ချင်ဝမ်နှင့်မတူစေရန် မိတ်ကပ်များသေချာလိမ်းခြယ်‌လိုက်သည်။ ထို့နောက် ပဝါစတပ်လိုက်ကာ ဘေးနားရပ်‌‌နေသောကျန်ရှင်းကျီးအားလှည့်ကြည့်၍ "ရှင် ဘယ်လိုထင်လဲ။ ကျွန်မက ချင်ဝမ်ဆိုတာ ရှင်ပြောနိုင်လား"

"မင်းရဲ့နဖူးပေါ်က အမွှေးနဲ့မှဲ့ထင်းထင်းကြီးကြောင့်" ကျန်ရှင်းကျီးက အလေးအနက်ပြောလိုက်သည်။ "မင်းဆိုတာ မပြောနိုင်ပါဘူး"

ချင်ဝမ်ဝမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ထို့​နောက် နန်ဖုန်းဘက် လှည့်ကြည့်ကာ "နင် အဆင်သင့် ပြင်ပြီးပြီလား"

"ပြီးပါပြီ"

နန်ဖုန်းက သူ့အထုပ်အပိုးကို လွယ်ထားလျက် "သခင် အချိန်မရွေးထွက်ခွာနိုင်ပါတယ်"

ထိုစကားလုံးများကိုကြားပြီးသည့်နောက် ချင်ဝမ်ဝမ်တစ်ယောက် ကျန်ရှင်းကျီးနှင့် နန်ဖုန်းအား ခေါ်ဆောင်ကာ အ‌နောက်ဘက်တောင်၏ လေဟာပြင်နေရာသို့ ထျန်းကျန့်ဂိုဏ်းသားနှင့် လိုက်လာခဲ့လေသည်။

သူမ တောင်အောက်သို့ မဆင်းလာခင်ကပင် လေဟာပြင်နေရာ၌ လူပင်လယ်ကြီးတစ်ခုကို မြင်လိုက်ရ၏။ ဂိုဏ်းသားက သူတို့အား လေဟာပြင်နေရာသို့ ဦးဆောင်ခေါ်လာပြီးနောက် တခြားသူများအားရှာဖွေရန် ထွက်ခွာသွားခဲ့သည်။

ချင်ဝမ်ဝမ်ပတ်ပတ်လည်အား တစ်ခဏမျှလှည့်ကြည့်လိုက်စဉ် အနီးနားတွင် တစ်စုံတစ်ယောက်နှင့်ရပ်၍ စကားပြောဆိုနေသော ပိုင်စွေ့ယုံးအားမြင်လိုက်လေသည်။ ချင်ဝမ်ဝမ် အလျင်အမြန်ပင် နှုတ်ဆက်လိုက်၏။ "အဆွေတော်ကျင့်ကြံသူပိုင်"

ခင်ပွန်းသည် ကိုကိုလူကြမ်းကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ