Intro

55.3K 918 23
                                    

Unicode

Harry Potter ဇာတ်ကားထဲက "Obliviate" ဆိုတဲ့ Spell လေးကိုသိကြလား။ Harmione က သူမရဲ့မိဘနှစ်ပါး သူမကိုမေ့သွားစေဖို့ သုံးခဲ့တဲ့ Spell လေးပါ ...

"ဗညားထွဋ်ခေါင်" ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်း၀င် သူဌေးသားပေါက်စလေးက သူ့ဘ၀သူ မလွပ်လပ်ဘူးရယ်လို့ စိတ်ကုန်ပြီး၊ "သူ့အသိုင်းအဝိုင်းက လူတွေအားလုံး သူ့ကိုမေ့သွားရင် ကောင်းမယ်" လို့ တွေးကာ "Obliviate" Spell လေးကို သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီကမ္ဘာကြီးက မှော်လောကကြီးမဟုတ်တဲ့အတွက်၊ သူကလည်း မှော်ဆရာတစ်ယောက်မဟုတ်တဲ့အတွက် ဟာသအနေနဲ့ပဲ စနောက်ပြီး ဂါထာကိုရွတ်ခဲ့တာပါ။ ဒါပေမယ့်လည်း သူ့ပတ်၀န်းကျင်၊ အသိုင်းအဝိုင်း၊ မိဘတွေ အားလုံးက သူ့ကို မေ့သွားခဲ့တယ်။

"ဗညားထွဋ်ခေါင်" ဆိုတာ လောကကြီးမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ လူတစ်ယောက်လိုဖြစ်သွားပြီး၊ သာမန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကား၀ပ်ရှော့မှာ အလုပ်လုပ်တဲ့ သူနဲ့ရွယ်တူ ကောင်လေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။

Muggle World မှာ မှော်ပညာဟာ တကယ်ပဲ အလုပ်လုပ်ခဲ့တာလားဆိုတာမသိပေမယ့်၊ ဒီကောင်လေးနှစ်ယောက်ကတော့ မှော်ဆန်စွာ တွေ့ဆုံခဲ့ကြရတာ တကယ်ပါ။

.............

A/N - Muggle World ဆိုတာက ကိုယ်တို့အခု နေထိုင်တဲ့ သာမန်ကမ္ဘာကြီးကို မှော်လောက က လူတွေက Muggle World လို့ခေါ်တာပါ။ ကိုယ်တို့လို သာမန်လူတွေကို သူတို့က Muggle လို့ ခေါ်ကြပါတယ်။ မှော်ပညာမတတ်တဲ့ သာမန်လူတွေပေါ့။

ပြီးတော့ ဒီဇာတ်လမ်းလေးက မှော်ပညာဆိုတာထက် Timeline Shifting နဲ့ Parallel World ကို ရောပြီး စိတ်ကူးယဉ် ရေးထားတာမို့၊ လက်တွေ့မှာ မဖြစ်နိုင်ဘူး ဆိုတာလေး ကြိုပြောပါရစေနော်။

Timeline Shifting ဆိုတာက နားလည်လွယ်အောင်ပြောရရင် ကမ္ဘာကြီးပုံမှန်လည်ပတ်နေရာကနေ အချိန်တွေကမောက်ကမ ဖြစ်သွားပြီးတော့ ဖြစ်ပြီးသားအတိတ်က ဖြစ်ရပ်တွေကို ပြန်မြင်တာမျိုး၊ မဖြစ်သေးတဲ့အနာဂတ် ဖြစ်ရပ်တွေကို ကြိုမြင်လိုက်ရတာမျိုးပါ။

Parallel World ဆိုတာကတော့ တော်တော်များများ သိကြမှာပါ။ ကိုယ်တို့အခုနေထိုင်တဲ့ ကမ္ဘာကြီးနဲ့ အပြိုင်ကမ္ဘာတစ်ခုမှာ ကိုယ်တို့လို လူတွေ ဆင်တူ နေထိုင်နေတာပါ။ တူညီတဲ့အခြေအနေတွေနဲ့တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ (ဥပမာ - ကိုယ်က ဒီဘက်ကမ္ဘာမှာ အင်ဂျင်နီယာဖြစ်ပေမယ့် ဟိုဘက်ကမ္ဘာမှာကျ ရှေ့နေ ဖြစ်နေတာမျိုးပါ)

Magic Hides My ManWhere stories live. Discover now