Part 13

4.7K 370 19
                                    

Unicode

မြောက်ဥက္ကလာ သုဓမ္မာလမ်းမကြီးပေါ်က ဘုမ္မာမှတ်တိုင်ရဲ့ မနက်ခင်းမြင်ကွင်းက Bus ကားပေါ်က ဆင်းလာသူများ၊ Bus ကားစောင့်နေသူ များနှင့် ရှုပ်ယှက်ခတ်နေ၏။ ဆိုင်ကယ် ကယ်ရီသမားတွေက Bus ကား ရပ်တဲ့နေရာအထိ အတင်းကပ်ပြီးရပ်ထား၍ ကားသမားများက ပေစောင်စောင် ကြည့်သွားကြသည်။ ဘာမှတော့ မပြော။ တစ်ယောက်ထိရင် အကုန်ပါလာမည့် ထိုလူတွေကို ကားသမားတွေကလည်း ရှောင်ကြသည်။

"သွားပြီလား"

လှမ်းနှုတ်ဆက်သော ကယ်ရီသမားအကိုအား ပိုင်ခန့်ကို ခေါင်းညိတ်ကာ ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်သည်။ ထိုလူ‌တွေအားလုံးက ရပ်ကွက်ထဲကပဲမို့ ပိုင်ခန့်ကိုတို့နဲ့ မသိသူမရှိ။ ကလေးသာသာအရွယ်ထဲက မောင်နှမနှစ်ယောက်တည်း ဖြတ်သန်းလာသော ပိုင်ခန့်ကိုတို့အား ရပ်ကွက်ထဲရှိ ထိုလူတွေကပဲ စောင့်ရှောက်ပေးခဲ့ကြတာဖြစ်သည်။

"ဒီအချိန်ကတော့ ကားကြပ်တယ်နော်"

"ဘယ်အချိန်ရော မကြပ်တာရှိလို့လဲ"

ကားမှတ်တိုင်မှာ ထိုးရပ်လာသော ကားကိုကြည့်ကာ ပြောလိုက်တော့၊ ပြန်ပြောလာတဲ့ ဗညားထွဋ်ခေါင်စကားကြောင့် ပိုင်ခန့်ကို အသံထွက်ကာပင် ရယ်လိုက်မိသည်။

"မင်းပဲ Bus ကား စီးနိုင်ပြီဆို"

"ငါ အခုရော မစီးနိုင်ဘူး ပြောလို့လား"

"စီးနိုင်တယ်ဆိုလည်း ပြီးတာပဲ"

ဒီနေ့ဆိုရင် ဗညားထွဋ်ခေါင် အလုပ်၀င်တာ တစ်ပတ်ကျော်ပြီ ဖြစ်သည်။ တစ်ရက် နှစ်ရက်လောက် လုပ်ခိုင်းပြီး၊ ဆက်မလုပ်နိုင်တော့ရင် သူ့ဟာသူ မလုပ်ချင်တော့ဘူး ပြောလာမှာပဲဟု တွေးခဲ့ပေမယ့်၊ တကယ်တမ်းကျတော့ အလုပ်မှာ ဗညားထွဋ်ခေါင်ကို တစ်ယောက်တည်း လွှတ်ထားလို့ မရခဲ့။

သူ့ကို မသိတာရှိလို့ သင်ပေးလည်း ဆရာလုပ်တယ်ဆိုပြီး မကြိုက်၊ ခိုင်းရင်လည်း မကြိုက်တဲ့ ဗညားထွဋ်ခေါင်အား၊ ဘယ်သူနဲ့ ပြဿနာ ဖြစ်မလဲလို့ အမြဲ စောင့်ကြည့်နေရသည်။ ဇာနည်ကတော့ ကလေးမို့ထင်သည်။ ဇာနည်နဲ့တော့ အဆင်ပြေ၏။

Magic Hides My ManWhere stories live. Discover now