Part 14

4.7K 366 20
                                    

Unicode

ဒေါသနဲ့ မျက်စိရှေ့မြင်သမျှ ကန်ကျောက် ဖျက်စီးပစ်လိုက်ချင်ပေမယ့်၊ အခု ဘေးနားရှိနေတာက သမိုင်းလမ်းဆုံမီးပွိုင့်ကြောင့် တန်းစီကာ ရပ်ထားရသော ကားများနဲ့ ရှုပ်ယှက်ခတ်အောင် သွားလာနေကြတဲ့ လူများသာ ဖြစ်သည်။

အရင်လိုသာဆိုရင် စောစောက ၀ပ်ရှော့ထဲပြန်၀င်သွားပြီး တကယ်ကို မီးသွားရှို့ပစ်လိုက်မိမှာ။ ဆံပင်တွေကြားထဲ လက်ထိုးဖွလိုက်ရင်း၊ တိုက်ခန်း လှေကားအနီးက နံရံကို ကျောမီကာ ရပ်လိုက်သည်။ ဘောင်းဘီအိတ်ထဲက စီးကရက်ဘူးနဲ့ မီးခြစ်ကို ထုတ်ကာ၊ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာ တေ့ရင်း မီးညှိလိုက်၏။

အငွေ့တစ်ချို့ကို ခပ်ဖွဖွ မှုတ်ထုတ်ရင်း မျက်လုံးတွေကို မှိတ်ထားမိသည်။ စီးကရက်တစ်လိပ်လုံးနီးပါး ကုန်သွားချိန်မှာ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့၊ ပတ်၀န်းကျင်က စောစောကအတိုင်း ပုံမှန် လှုပ်ရှားနေဆဲပင်။ ဒေါသစိတ် နဲနဲလျော့သွားချိန်မှာ လူက အားငယ်သလို ခံစားလာရသည်။

ဗညားထွဋ်ခေါင်ဆိုတဲ့ သူက၊ တကယ်ကိုပဲ လူပါး၀သမျှတွေကို ခေါင်းငုံ့ခံရမဲ့ ဘ၀မျိုး ရောက်သွားပြီလားဟု နာနာကျင်ကျင် တွေးမိသည်။ ကိုမင်းသူ ဆိုတဲ့လူအား *တောင်းပန်ပါတယ် ဆရာ* ဆိုပြီး ရိုရိုကျိုးကျိုး ပြောနေသော ပိုင်ခန့်ကို ကို ပြန်မြင်ယောင်မိတဲ့အခါ စိတ်ထဲမှာ လုံး၀ဘ၀င်မကျပါ။ အဲ့ဒီလို ပြောနေတဲ့ပုံစံက ပိုင်ခန့်ကိုနဲ့ မလိုက်ဘူး မဟုတ်လား။

အခုချိန်မှာ ဆုတစ်ခုတောင်းခွင့်ရမယ်ဆိုရင် *အိမ်ပြန်ရောက်ပါစေ* လို့ပဲ ဆုတောင်းမိမှာ ဖြစ်သည်။ ဒီလို အခြေအနေနဲ့ ကြာကြာဆက်ပြီး နေရမယ်ဆိုရင် တကယ်ရူးသွားမယ် ထင်သည်။ ဒီလို ဘ၀မျိုးနဲ့ နေရတာထက်စာရင် သေသွားလိုက်တာမှ ကောင်းဦးမည်။

အတွေးက ဟိုရောက်ဒီရောက်နှင့်၊ ဖျတ်ခနဲ သတိရမိလိုက်တာက မနက်တုန်းက ကားဂိတ်မှာတွေ့လိုက်တဲ့ ပြည့်စုံမင်း။ တွေ့တွေ့ချင်းမှာ ၀မ်းသာသွားပြီး၊ နှုတ်ဆက်ဖို့ ပြင်တုန်း ပြည့်စုံမင်းကတော့ သူ့ကို သိပုံမရဘဲ၊ ပိုင်ခန့်ကို ကိုသာ နှုတ်ဆက်နေ၏။ ပြီးတော့ ဘေးနားမှာ မိန်းကလေးတစ်ယောက်နဲ့ ကလေးတစ်ယောက်။
*သားအတွက် အရုပ်၀င်၀ယ်ပေးတာ* ။
*ဒါ ကျွန်တော့် အမျိုးသမီး* တဲ့။
ပြီးတော့ Company တစ်ခုရဲ့ မန်နေဂျာ တဲ့။

Magic Hides My ManWhere stories live. Discover now