Unicode
အနက်ရောင် Suit ကို ၀တ်ဆင်ထားသော မှန်ထဲက ကိုယ့်ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး မှန်တင်ခုံပေါ်က ရေမွှေးပုလင်းကိုယူကာ လက်ကောက်၀တ်နှင့် လည်ကုတ်နားဆီ အနည်းငယ် ဆွတ်လိုက်သည်။ "ခင်ဗျား ရေမွှေးနံ့တွေကလည်း ချောင်းတောင်ဆိုးတယ်" ဆိုသော စကားကို ပြန်ကြားမိတော့ ရဲမြတ်ထွဋ်ခေါင် ပြုံးမိသည်။
လှေကားကနေ ဆင်းလာခဲ့ရင်း အောက်ကိုမရောက်ခင် ဧည့်ခန်းထဲက မင်းထက်၏ စကားသံကြောင့် ဆက်ဆင်းမသွားသေးဘဲ ခဏရပ်ကာ နားထောင်နေလိုက်သည်။ ဒီကောင် ဇာနည့်ကို ဘာတွေ ပေါက်ကရ လျှောက်ပြောနေပြန်တာလဲဆိုတာ သိချင်တာကြောင့်။
"ကိုရဲက မင်း ထင်နေသလို လူဆိုးမဟုတ်ပါဘူးကွာ"
ဇာနည် ဘာပြန်ပြောမလဲလို့ နားစွင့်နေပေမယ့် ဘာမှပြန်မပြောပါ။
"ကိုရဲက တစ်ဦးတည်းသောသား ဆိုတော့ ဆရာက ကိုရဲ ကို ဖြစ်စေချင်တာတွေ တအားများတယ်၊ ကိုရဲ ဘယ်လောက်ပဲ ကြိုးစားပြီး လုပ်လုပ် ဆရာ့အတွက်ကျတော့ အားမရချင်စရာပဲ ဖြစ်နေတာ၊ ဦးထွဋ်ခေါင်ဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် အောင်မြင်တဲ့ စီးပွားရေးသမားလဲဆိုတာ မင်းလည်း သိမှာပေါ့"
"....."
"ဆရာက ကိုရဲ ကို ဘယ်တော့မှ စိတ်တိုင်းမကျဘူး၊ ကိုရဲလည်း လူငယ်ပဲလေကွာ၊ တစ်ခါတလေတော့ လူငယ်လို လွတ်လွတ်လပ်လပ်နေချင်တဲ့ အချိန်တွေ ရှိတာပေါ့၊ အဲ့ဒီလိုအချိန်တွေကျတော့ လုပ်ချင်ရာတွေလျှောက်လုပ်သလို ဖြစ်သွားတတ်တယ်၊ ဒါပေမယ့် မင်းသူငယ်ချင်းတွေနဲ့ ဖြစ်ရတဲ့ ပြဿနာကတော့ ဒါတွေနဲ့ မဆိုင်ပါဘူး၊ သူတို့က ပြဿနာအရင်ရှာခဲ့တာ၊ မင်းလည်း သိမှာပေါ့"
"သူ ပြောပြသလောက်တော့ သိပါတယ်"
"ငါ ပြောတာတွေ ပြန်ပြောမနေနဲ့ဦးနော်၊ သူ့အကြောင်းကိုလျှောက်ပြောတယ်ဆိုပြီး ငါ့ကို စိတ်ဆိုးနေဦးမယ်"
ပြောချင်တာ အားလုံးပြောပြီးမှ ပြန်မပြောဖို့ မှာနေသော မင်းထက်အား ဇာနည်က နံရံထောင့်က CCTV ကို လက်ညှိုးထိုးပြရင်း -
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။