Extra

7.1K 377 66
                                    

Unicode

ဂစ်တာသံ ခပ်တိုးတိုးပျံ့လွင့်နေသော အိမ်လေးတစ်ခုထဲမှ အလင်းရောင်လေးက ညအမှောင်ကို အံတုထား၏။ ခပ်မှိန်မှိန်အလင်းရောင်လေး ဆိုသော်လည်း မှောင်မိုက်နေသောညကို အံတုဖို့ရာ လုံလောက်သည်။

သီချင်းသံခပ်တိုးတိုးနဲ့ ဂစ်တာသံလေးက တိခနဲ ရပ်သွားရင်း -

"မင်း အဲ့လိုမျိုး လာအိပ်နေတော့ ငါက ဘယ်လို ဆက်တီးမလဲ"

ဂစ်တာကို နံရံမှာ ထောင်ထားလိုက်ရင်း ပြောသော ပိုင်ခန့်ကို စကားကို မကြားသလိုပင် မျက်လုံးတွေကို မှိတ်ကာ ပေါင်ပေါ်မှာ ဆက်အိပ်နေလိုက်သည်။ ပိုင်ခန့်ကို က ဗညားထွဋ်ခေါင် ဆံပင်တွေကို လက်နဲ့ဖွကာ -

"အိပ်ချင်နေရင် သွားအိပ်တော့လေ"

"ငါ ဆံပင်ကို ထပ်ဆိုးလာခဲ့သေးတယ်"

မဆီမဆိုင် ထပြောတာကြောင့် ထင်သည်။ ပိုင်ခန့်ကိုက ရယ်ပြီးမှ -

"အင်း ... အဲ့ဒါကြောင့် အညိုရောင်က နည်းနည်းပိုတောက်သွားတာ"

"ပြီးတော့ ... ဒီမှာ"

မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး လက်စွပ်၀တ်ထားသော ဘယ်ဘက်လက်ကို ထောင်ပြလိုက်ရင်း -

"လက်စွပ်လည်း ပြန်၀ယ်ခဲ့တယ်"

ပိုင်ခန့်ကိုက သူ့လက်ကို လှမ်းကိုင်ကာ လက်စွပ်ကို ခဏ ကြည့်သည်။

"မင်း သိလား၊ ငါ လုပ်သမျှတွေကို အဲ့ဒီလိုမျိုး မင်းကို ပြောပြနေချင်တာ"

ပေါင်ပေါ်မှာ လှဲအိပ်နေသော သူ့အား အပေါ်ကနေ ငုံ့ကြည့်နေသော ပိုင်ခန့်ကို မျက်၀န်းတွေက ထုံးစံအတိုင်း စူးစူးရှရှ။ အဲ့ဒီအကြည့်တွေကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ။

"ငါ ဘယ်အချိန်မှာ အိပ်ရာက နိုးတယ်၊ ဘယ်သူတွေနဲ့ အပြင်သွားတယ်၊ တစ်နေ့လုံး ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေ အကုန် ပြောပြချင်တာ"

ဗညားထွဋ်ခေါင် စကားအဆုံးမှာ ပိုင်ခန့်ကိုက မျက်နှာချင်း ထိကပ်လုနီးပါး ခေါင်းကို ငုံ့လာရင်း ခပ်တိုးတိုး ပြောသည်။

"ငါ နားထောင်ပေးမှာပေါ့"

တဖြည်းဖြည်း နီးကပ်လာသော မျက်နှာတစ်ခုကြောင့် မျက်လုံးတွေကို မှိတ်ချလိုက်တုန်းမှာပဲ ....။

Magic Hides My ManWhere stories live. Discover now