Part 10

5.5K 390 26
                                    

Unicode

ပြန်ရောက်ကတည်းက အိမ်ရှေ့ခန်းမှာ ထိုင်ကာ ငိုင်နေသော ဗညားထွဋ်ခေါင်ကို ကြည့်ကာ ပိုင်ခန့်ကို သက်ပြင်းချမိသည်။ *အဆင်ပြေသွားမှာပါ* ဆိုပြီး နှစ်သိမ့်ရအောင်လည်း အခြေအနေအမှန်ကို ပိုင်ခန့်ကို တကယ် နားမလည်သေးတာ ဖြစ်သည်။ ညနေအလုပ်ကအပြန်မှာ ဗညားထွဋ်ခေါင်နဲ့အတူ လိုက်သွားပေးတော့ ဦးထွဋ်ခေါင်ရုံးခန်းက ဗညားထွဋ်ခေါင်ပြောသည့်လိပ်စာ မဟုတ်ချေ။

တစ်ခုခုကို အလေးအနက် တွေးနေသလို ပုံမျိုးနှင့် ငြိမ်သက်နေသော ဗညားထွဋ်ခေါင်ကိုကြည့်ကာ ပိုင်ခန့်ကို စိတ်တော့ မကောင်းပါ။ အကယ်၍ ခေါင်းထိသွားလို့ တခုခုဖြစ်သွားတာသာဆိုရင် သူ့အပြစ်လည်း မကင်းဘူး မဟုတ်လား။

"ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ့၊ မင်းအိမ်ကို ငါလည်း ဝိုင်းရှာပေးပါ့မယ်"

ပိုင်ခန့်ကို စကားကြောင့် ဖျတ်ခနဲမော့ကြည့်လာသည်။

"မင်းက ဘယ်လိုပြန်ရှာပေးမှာလဲ၊ ငါ့အိမ်က ပျောက်နေတာမှ မဟုတ်တာ"

ဘာပြန်ပြောရမှန်းမသိဝောာ့ဘဲ အကြောင်းမဲ့ ခေါင်းသာ ညိတ်ပြလိုက်မိသည်။ ဗညားထွဋ်ခေါင်က စောစောကအတိုင်း မော့ကြည့်နေရင်းကနေ စိတ်ပျက်လက်ပျက် ပြော၏။

"ငါ့ကို အားလုံးကမေ့သွားကြတယ်ဆိုတာ သေချာသလောက်ရှိနေပြီ"

................

မမကတော့ စိတ်မညစ်ဖို့နဲ့ အိမ်မှာပဲ နေလို့ရကြောင်း ပြောပြပြီး အားပေးသည်။ ပိုင်ခန့်ကိုကလည်း အရင်ကလို စိတ်မရှည်တဲ့ပုံမျိုး သိပ်မဟုတ်တော့ဘဲ၊ သူတတ်နိုင်သလောက် ကူညီပေးမယ်ဟု ပြောသည်။ ဒါပေမယ့်လည်း ဗညားထွဋ်ခေါင် ပြောနေတာတွေကိုတော့ မောင်နှမနှစ်ယောက်လုံး ယုံကြဟန်မတူပါ။ ဗညားထွဋ်ခေါင်အား စိတ်ကျန်းမာရေးတစ်ခုခု ချို့ယွင်းနေသူလိုမျိုး ညှာတာ သနားနေကြတာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတော့ စဉ်းစားရမည်။ သူများအိမ်မှာ တသက်လုံးနေဖို့မဖြစ်နိုင်သလို၊ ဗညားထွဋ်ခေါင်ကိုယ်တိုင်လည်း လက်ထဲမှာ သုံးစရာပိုက်ဆံတောင် မရှိတဲ့ဘ၀နဲ့ ကြာကြာ မနေနိုင်ချေ။ နေစရာတစ်ခုရှိနေလို့ ကျေးဇူးတင်ရပေမယ့် ရေချိုးရတာ၊ ထမင်းစားရတာက စလို့၊ အိပ်ရတာ အဆုံး ဘာတစ်ခုမှ အဆင်မပြေပါ။ အဆိုးဆုံးကတော့ အပြင်သွားရင် လူတွေကြပ်သိပ်နေအောင် တိုးစီးရတဲ့ Bus ကားပဲ ဖြစ်သည်။

Magic Hides My ManWhere stories live. Discover now