Unicode
ခါးအထိစောင်ကိုခြုံထားပြီး နံရံကိုမှီကာ ထိုင်နေသော ဗညားထွဋ်ခေါင်အား မမက နဖူးကို စမ်းကြည့်သည်။
"ကိုယ်တော့ မပူတော့ပါဘူး၊ ဘာဆေးသောက်ထားလဲ"
မမကို ဘာပြန်ဖြေရမှန်းမသိတာမို့ ပိုင်ခန့်ကို အား အကူညီတောင်းသလို လှမ်းကြည့်တော့ ခုံမှာ ထိုင်နေရာကနေ ထလာ၏။
"အဖျားကျဆေးပဲ တိုက်ထားတယ်"
"စွပ်ပြုတ်လုပ်ထားပေးခဲ့တယ်နော်၊ မမ အလုပ်သွားလို့ ဖြစ်တယ်မလား"
"ရတယ် မမ၊ ကျွန်တော် ဒီနေ့ အိမ်မှာပဲ ရှိမှာ"
မမက ဖြူဖျော့နေသော ဗညားထွဋ်ခေါင်အား ကြည့်ကာ အစာ၀င်အောင်စားဖို့ ထပ်မှာ၏။ မမ ထွက်သွားပြီးမှ ပိုင်ခန့်ကိုက ဘေးနားမှာ လာထိုင်သည်။
"မင်း သေသွားနိုင်တယ် သိရဲ့လား"
မျက်မှောင်ကြုံ့ကြည့်ပြီး ဒေါသနဲ့ ခပ်တိုးတိုးပြောနေသော ပိုင်ခန့်ကိုအား ပြန်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ရင်း -
"ငါ သိပါတယ်"
"ဒီတစ်ခါတော့ မင်း အလွယ်ပြောနေလို့ မရဘူးနော် ဗညား"
"အေးပါ ... ငါ မှားသွားတယ်၊ မင်းကို ဒုက္ခပေးမိတာလည်း Sorry ပါကွာ"
ဖေဖေ့ရှေ့မှာတောင် မပြောဖူးတဲ့ *မှားသွားပါတယ်* ဆိုသော စကားအား ပိုင်ခန့်ကို ကိုတော့ မကြာခနပြောနေရသည်။ တကယ်လည်း မှားသွားတာကိုး။ မနေ့က ပိုင်ခန့်ကို ဘယ်လောက်အထိ စိတ်ပူသွားတယ်ဆိုတာ မြင်လိုက်ရသည်လေ။ သူ့ကို စိတ်ပူပြီး ငိုတောင်ငိုခဲ့တယ်ဆိုတာ ထင်ယောင်ထင်မှား ဖြစ်တာမဟုတ်မှန်း၊ သတိ၀င်၀င်လာချင်း မြင်လိုက်ရတဲ့ ပိုင်ခန့်ကို မျက်နှာပေါ်က မျက်ရည်တွေက သက်သေပဲ ဖြစ်သည်။
"အေး ... နောက်တစ်ခါ အဲ့လိုတွေထပ်ဖြစ်ရင် မင်းအသေပဲ"
ပိုင်ခန့်ကို စကားဆုံးမှာ ဗညားထွဋ်ခေါင် တစ်ချက်ပြုံးမိသွားရင်း၊ နံရံကို မှီထားရာကနေ ရှေ့တိုးကာ ပိုင်ခန့်ကိုအား လှမ်းဖက်ထားလိုက်သည်။ အရမ်းနွေးထွေးတဲ့ အဲ့ဒီခံစားချက်ကို သဘောကျလွန်းလို့လေ။ မထင်မှတ်ထား၍ ထင်သည်။ ပိုင်ခန့်ကိုက ဆတ်ခနဲ ဖြစ်သွားရင်းက -
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။