Part 5

6.3K 416 16
                                    

Unicode

ဗညားထွဋ်ခေါင် နိုးလာတော့ ဘေးပတ်၀န်းကျင်ကို တချက်ဝေ့ကြည့်လိုက်ပြီးမှ သူများအိမ်မှာ အိပ်ပျော်နေတာမှန်း သတိရသည်။ ခနအိပ်လိုက်ရလို့ ခေါင်းနဲနဲကြည်သွားပေမယ့်လည်း ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေသေးတာက အားနည်းနေ၍ ထင်သည်။ မနက်ကတည်းက ဘာမှ မစားရသေးတာကြောင့်လည်း ဖြစ်မည်။

"နိုးပြီလား"

အနားကိုရောက်လာတဲ့ တစ်ယောက်ကို ခေါင်းညိတ်ပြလိုက်တော့ ဘေးနားမှာ လာထိုင်သည်။

"အခု အိမ်ပြန်ဖို့အဆင်ပြေပြီလား"

"မပြေသေးဘူး"

"မင်း ဘာဖြစ်ချင်နေဝာာလဲ၊ ငါ လွန်တယ်ဆိုပေမဲ့ ပြဿနာစရှာတာ မင်းနော်၊ ပြီးတော့ မင်းပဲငါ့ကို စထိုးတာ၊ တစ်ယောက်တစ်ချက်ထိုးကြတာချင်းအတူတူကို မင်းဟာမင်း သတိလစ်သွားတာ"

"ဘာ .."

ဗညားထွဋ်ခေါင် မျက်နှာ ရှိန်းခနဲဖြစ်သွားရင်း ရှေ့ကတစ်ယောက်ကို ဒေါသနဲ့ကြည့်လိုက်တော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ကြည့်နေသည်။

"ဟုတ်တယ်လေ၊ ဒါပေမဲ့ ပြဿနာမဖြစ်ချင်လို့ ငါ အားလုံးလည်း လိုက်လုပ်ပေးပြီးပြီ၊ ဆရာ၀န်ကလည်း ဘာမှ မဖြစ်ဘူး ပြောတယ်၊ အခု မင်းက ဘာဖြစ်ချင်နေတာလဲ"

ဟုတ်တော့လည်း ဟုတ်နေတာမို့ ဘာပြန်ပြောရမှန်းမသိဘဲ မသိမသာ သက်ပြင်းချလိုက်မိသည်။ ဘာကို ဘယ်လိုစပြောပြရမှန်းကို မသိတော့ချေ။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်လို့ဖြစ်နေမှန်း မသိတာကြောင့်ပင်။ ဖေဖေက ဘာဖြစ်ရတာလဲ၊ ပြီးတော့ အိမ်ကလူတွေရော ဘာဖြစ်နေကြမှန်း နားမလည်နိုင်တော့ပါ။

ဇေယျာဖြိုး ..။ ဟုတ်သားပဲ ဇေယျာဖြိုးဆီ ဖုန်းဆက်ကြည့်ရမည်။ ကိုယ့်တွေးနဲ့ကိုယ် ဖုန်းကို ထုတ်ကာ နံပါတ်ပြန်စဉ်းစားနေသော ဗညားထွဋ်ခေါင်ကို ရှေ့မှာထိုင်နေတဲ့ကောင်က စူးစမ်းတဲ့ မျက်လုံးတွေနဲ့သာ ကြည့်နေခဲ့လေသည်။ တစ်ချက်ပြန်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဖုန်းကိုသာ ခေါ်လိုက်သည်။ ချိတ်ဆက်ထားခြင်းမရှိပါ ဟုသာ ပြန်ဖြေနေ၏။ ဖုန်းကို စိတ်ပျက်လက်ပျက် ပိတ်လိုက်ရင်း ဘာဖြစ်နေမှန်းမသိသော အခြေအနေကြီးကို နဲနဲဖြစ်ဖြစ်နားလည်လာအောင် စဉ်းစားကြည့်ရသည်။

Magic Hides My ManWhere stories live. Discover now