Unicode
"ဘာလို့အဲ့ကားက ဖေဖေ့ကားဖြစ်နေရတာလဲ"
ဧည့်ခန်းထဲက ပန်းအိုးတစ်အိုးကို နံရံဆီပစ်ပေါက်လိုက်ရင်း အော်ဟစ်နေသော ဗညားထွဋ်ခေါင်အား လက်ကိုအနောက်ပစ်ကာရပ်နေကြသော လူခုနှစ်ယောက်လောက်က ဒီအတိုင်းသာ ရပ်ကြည့်နေကြရသည်။ မသိမသာ ခေါင်းကိုခါရမ်းပြီး စကားစပြောသူက ကိုရာဇာဖြစ်၏။
"ကုမ္ပဏီအတွက် လိုလို့ ၀ယ်လိုက်တဲ့ကားပါ"
"ဟိုကောင့်ကားက ဘယ်ရောက်သွားတာလဲ"
"ကားအမျိုးအစားနဲ့အရောင်တူနေတာပါ၊ နံပါတ်မတူပါဘူး အကိုလေး"
ဗညားထွဋ်ခေါင်နဲ့ Bar မှာ ပြဿနာဖြစ်လာတဲ့ လူရဲ့ကားမို့ စိတ်တိုင်းကျ ရိုက်ခွဲဖျက်ဆီးပစ်ပြီးမှ ထိုကားဟာ ဖေဖေ့ကား ဖြစ်နေသည်တဲ့။ ဟိုကောင်က ဗညားထွဋ်ခေါင်နေတဲ့ ကွန်ဒိုမှာပဲ နေတာမို့၊ ကားကိုလည်းအောက်မှာပဲ ထားတယ်ဆိုတာ သိရပြီးမှ၊ ဖေဖေ့ကားကပါ သူ့ကွန်ဒိုအောက်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်နေရသေးသည်။
"ခင်ဗျားတို့လည်း အကုန်ထွက်သွားကြ၊ တစ်ယောက်မှ မမြင်ချင်ဘူး"
ကိုရာဇာက ရပ်နေတဲ့လူတွေကို မျက်လုံးနဲ့ ထွက်သွားကြဖို့ လှမ်းအချက်ပေးလိုက်ပြီး သူပါ ခြံထဲသို့ ဆင်းသွားသည်။
"အိမ်မှာ ဘာတွေလာသောင်းကျန်းနေတာလဲ"
ဖေဖေ အိမ်မှာ ရှိတယ်ဆိုတာ သိပေမယ့်၊ မနက်အစောကြီးကမှ ခရီးကပြန်ရောက်တာမို့ ဆင်းလာမယ်လို့တောင် မထင်ထားခဲ့ပေမယ့် ဖေဖေက ဧည့်ခန်းထဲအထိ ဆင်းလာသည်။
"ပြဿနာရှာတာက မင်း မဟုတ်ဘူးလား၊ ဘာလို့ မဆိုင်တဲ့သူတွေကို လာမဲ နေတာလဲ"
"ဖေဖေ့ကားက ဘာလို့ သားကွန်ဒိုအောက် လာရပ်ထားလဲ"
"အေး .. အဲ့ဒီကားက ပြဿနာမဟုတ်ဘူး၊ ပြဿနာက မင်းပဲ ဗညားထွဋ်ခေါင်"
ထင်တဲ့အတိုင်း သူ့ကိုပဲအပြစ်တင်တဲ့ ဖေဖေ့ကို မကျေမနပ်ပြန်ကြည့်မိသည်။ ဘယ်သူနဲ့ဘာပြဿနာ ဖြစ်လဲဆိုတာကို အရင်မမေးဘဲ၊ သူ့ကိုပဲ အရင်အပြစ်တင်တတ်တာကတော့
ဖေဖေ့ထုံးစံပဲ ဖြစ်သည်။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။