Part 21

4.3K 367 29
                                    

Unicode

မြောက်ဥက္ကလာဆေးရုံထဲအရောက် အရေးပေါ်ဆောင်ဆီ ဦးတည်ပြီး ပြေးရသည်။ မမက သူလည်းရောက်နေပြီဟု ဖုန်းဆက်ထား၏။ ဖုန်းထဲမှာ အခြေအနေကို သေချာမမေးနိုင်သေး။ အရေးပေါ်ဆောင်ထဲက မမပြောသော အခန်းဆီသို့ ခပ်သွက်သွက်လှမ်း၀င်ခဲ့တော့ ကုတင်ပေါ်မှာ သတိရသေးဟန် မတူသော ဗညားထွဋ်ခေါင်။ ‌ကုတင်ဘေးမှာ ထိုင်နေသော မမက ပိုင်ခန့်ကိုဆီလှည့်ကြည့်လာသည်။ ငိုထားပုံရသော မမ မျက်လုံးတွေက မို့နေ၏။ ဘေးမှာ ရပ်နေကြတာက ကိုမင်းစိုးနဲ့ တခြားအစ်ကိုတစ်ယောက်။

ကုတင်ဘေးကို လျှောက်သွားလိုက်ပြီး ကြည့်လိုက်တော့၊ နဖူးမှာ ခပ်ထူထူစည်းနှောင်ထားသော ပတ်တီးဖြူဖြူများအောက်က ဗညားထွဋ်ခေါင် မျက်နှာပေါ်မှာ အညိုအမဲဒဏ်ရာတစ်ချို့လည်း ရှိနေသေးသည်။ ရင်ဘတ်ပေါ်တင်ထားသော လက်မှာလည်း၊ လက်ကောက်၀တ်နားက ပတ်တီးစည်းထားသည်။ ပိုင်ခန့်ကို စုတ်သတ်ရင်း ဗညားဆံပင်များကို ခပ်ဖွဖွ ထိကြည့်မိသည်။ ဖုန်မှုန့်တချို့ ကပ်နေသော ဆံပင်စညိုညိုတွေကို တစ်ချက်နှစ်ချက် ခါပေးလိုက်ရင်း -

"သူ အိပ်ပျော်နေတာလား၊ သတိမရသေးတာလား မမ"

"အိပ်ပျော်နေတာ ..."

မမက ခပ်တိုးတိုး ပြန်ဖြေသည်။ ကိုမင်းစိုးက အနားကို လျှောက်လာပြီး ပိုင်ခန့်ကို ပုခုံးအား လှမ်းပုတ်ကာ -

"ခုနှစ်ချက်လောက်ချုပ်လိုက်ရတယ် ကိုခန့်၊ လက်ကောက်၀တ်က အရိုးအက်သွားတာတဲ့"

"အခုရော ... ကိုမင်းစိုး၊ ဆရာ၀န်က အခြေအနေဘာပြောလဲ"

"မနက်လောက်အထိဝောာ့ စောင့်ကြည့်ပြီး၊ အတွင်းပိုင်းတွေ ထိခိုက်မှုရှိမရှိစောင့်ကြည့်ရမယ်ပြောတယ်၊ အခုထိကတော့ ပြင်ပဒဏ်ရာအပြင် သိပ်စိုးရိမ်စရာ မတွေ့ဘူး တဲ့"

ဗညားကို တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချမိသည်။ သိပ်မစိုးရိမ်ရဘူး ဆိုပေမယ့်၊ ခေါင်းကိုထိခိုက်သွားလား ဆိုတာက မသိရသေးဘူးဆိုတော့ အပြည့်အ၀တော့ စိတ်မအေးနိုင်သေး။

"မင်းသူငယ်ချင်းက စိတ်တော့မာသားပဲကွ၊ ဖြူဖြူသေးသေးလေးမို့လို့ ခံနိုင်ရည် ရှိပါ့မလား ထင်နေတာ၊ တစ်ချက်မှ သတိမလွတ်သွားဘူး၊ ချုပ်တဲ့အချိန်လည်း အေးဆေးပဲ၊ အခုမှ အကိုက်ခဲပျောက်ဆေးအရှိန်နဲ့ အိပ်ပျော်သွားတာ"

Magic Hides My ManWhere stories live. Discover now