85 . တော်ဝင်အမိန့်တော်ကိုဖီဆန်ခြင်း ( part 2)

707 107 1
                                    


ဖူဝူထျန်း ပြန်ရောက်သောအခါ နေဝင်နေပြီ။ ဘဏ္ဍာစိုး ကျိုး သည် ၎င်းကို ဖုံးကွယ်ရန် မဝံ့မရဲဖြစ်ပြီး နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ချက်ချင်း ပြောပြသည်။ မူလက ဝမ်ရယ်(မင်းသား)က ဒေါသထွက်မည်ဟု သူထင်ခဲ့သည် ဧကရာဇ်မင်းအား စော်ကားသည်က အသေးအဖွဲကိစ္စမဟုတ်ပေ။ ဝမ်ဖေး(မိဖုရား)ကို သူဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ၊ ဒီလိုမျိုးကိစ္စကို သူ ခွင့်လွှတ်မှာ မဟုတ်‌ေပ။

တော်ဝင်အမိန့်ကိုဖီဆန်ခြင်းသည် ခေါင်းဖြတ်ခံထိုက်သော ရာဇ၀တ်မှုကြီးတစ်ခုဖြစ်သည်။ ဒါကသူ တွေးထားတာဖြစ်ပေမယ့် ဝမ်ရယ် ရဲ့ မျက်နှာက တစ်ချက်မှ မပြောင်းဘူး။

"ဒီကိစ္စကို ဒီမင်းသားက တခြားသူမသိစေချင်ဘူး နားလည်လား"
ဖူဝူထျန်း က ဒီစာကြောင်းကို ချန်ထားပြီး ဘဏ္ဍာစိုး ကျိုး ကို ဖြတ်ကျော်ပြီး စာကြည့်ခန်းဆီ သွားလိုက်သည်။

ဘဏ္ဍာစိုး ကျိုး က အေးစက်စက် ချွေး‌ေအးတွေကို သုတ်လိုက်ပြီး "နားလည်ပါတယ်" လို့ ချက်ချင်း ပြန်ဖြေလိုက်တယ်။ ကံကောင်းထောက်မစွာ သူသည် ကြီးကျယ်သောကိစ္စဖြစ်သည်ကို သိသောကြောင့် နေ့ခင်းဘက်တွင် သတင်းမဖြန့်ခဲ့‌ေပ။

စာကြည့်ခန်း တွင်

ဖူဝူထျန်း သည် စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါတွင် ရှားပါးလှ‌ေသာမြင်ကွင်းတစ်ခု လှမ်းမြင်လိုက်ရသည်။ အန်းဇီရန် သည် စားပွဲပေါ်တွင် ခေါင်းငုံ့လျက်အိပ်နေသည်။ သူ၏ အသက်ရှူသံသည် ပေါ့ပါးပြီး နှေးကွေးကာ ဖူဝူထျန်း ‌ေရာက်လာခြင်းကို ချက်ချင်းသတိမထားမိပေ။ ဖူဝူထျန်း လမ်းလျှောက်ဝင်လာပြီး အန်းဇီရန် ချက်ချင်းနိုးလာသည် အန်းဇီရန် သည် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ ကျန်နေသော ငိုက်မျဉ်းခြင်းကို ဖယ်ရှားလိုက်သည်။ နောက်တော့ အသစ်ရောက်လာတဲ့သူကို ကြည့်လိုက်တယ်။
"ဘယ်တုန်းက ပြန်ရောက်တာလဲ"

" အခုပဲ"
ဖူဝူထျန်း သည် စားပွဲရှေ့သို့ လျှောက်သွားပြီး အန်းဇီရန် ကို ငုံ့ကြည့်သည်။ ဆယ်ကျော်သက်ရဲ့ မျက်နှာတစ်ဖက်က စားပွဲပေါ်မှာ လဲလျောင်းနေတာကြောင့် နီရဲနေပြီး လူငယ်က သူ့ကို ခါတိုင်းထက် ဘာမှမထူးခြားသလို ဖြစ်နေစေတယ်။ ဖူဝူထျန်း သည် လူငယ်ကိုထိရန် လက်မလှမ်းပဲမ‌ေနနိုင်‌ေတာ့ပေ။ အန်းဇီရန်က  သူ့လက်ကို ဖယ်ထုတ်ပြီးမှသာ ဖူဝူထျန်း က စကားစသည်။
"ဒီမင်းသားက နေ့ခင်းမှာ ဖြစ်ပျက်ခဲ့တာကို ကြားပြီးပြီ"
အန်းဇီရန် က "အမ်" လို့ အသိအမှတ်ပြုပေးခဲ့ပေမယ့် သိပ်တုံ့ပြန်မှု မရှိခဲ့ပါဘူး။

The Big Landlord (MM Translation) ||Where stories live. Discover now