92.လိမ်လည်လှည့်စားသူ လောင်ဝမ်ရယ်

681 101 2
                                    

လောင်ဝမ်ရယ် = ဝမ်ရယ်ဟောင်း/
                             လူအိုကြီးဝမ်ရယ်

အန်းဇီရန် နှင့် ဖူဝူထျန်း တို့၏ ထူးခြားသော အထောက်အထားများကြောင့် လီကျန်း က သူတို့ကို လျစ်လျူမရှုဝံ့ဘဲ အလုပ်ရုံအတွင်းရှိ ဧည့်ခံခန်းသို့ ပို့ဆောင်ရန် အစပြုခဲ့သည်။

အဲဒီမှာ အလုပ်သမားတစ်ယောက်က အာရုံပြန်ရလာပြီး သူတို့ကိုဖမ်းဖို့ သစ်သားသေတ္တာကို အမြန်ကောက်ယူလိုက်တယ်။တစ်ဖက်တွင် သူသည် ကောလဟာလများထဲက စစ်နတ် ဘုရားကို သူ့မျက်စိဖြင့် မြင်နိုင်သောကြောင့် အလွန်စိတ်လှုပ်ရှားနေပါသည်။သူတို့လို သာမန်လူတွေအတွက်တော့ ဒါက အရမ်းအံ့သြဖို့ကောင်းတယ်။

ဧည့်ခံခန်းထဲကို ဝင်လိုက်တာနဲ့ လီကျန်း
သူတို့နှစ်ယောက်ကို ထိုင်ဖို့ ယဉ်ကျေးစွာ ဖိတ်ခေါ်သည်။

လီကျန်း က တံခါးဆီသို့သွားကာ ရောက်ရှိလာသော အလုပ်သမားထံမှ သစ်သားသေတ္တာကို ယူလိုက်သည်။အလုပ်သမားကိုပြန် လွှတ်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ သစ်သားသေတ္တာကို အန်းဇီရန် ထံ ယူဆောင်သွားခဲ့သည်။

"အန်းသခင်လေး၊ မင်းလိုချင်တာအကုန်ပြီးပြီ။အစုံနှစ်ဆယ်ရှိတယ်။အားလုံးဒီမှာပါ"

အန်းဇီရန် သည် သေတ္တာကိုဖွင့်လိုက်ပြီး အစံုနှစ်ဆယ်ဖြစ်ကြောင်း အတည်ပြုရန် တစ်ချက်ကြည့်လိုက်သည်။လီကျန်း သည်
အန်းဇီရန် ၏ သတ်မှတ်ချက်များအရ စက္ကူသေတ္တာ အလုံးနှစ်ဆယ်ကို ပြုလုပ်ခဲ့သည်။ကတ်ငါးဆယ့်လေးကတ်စလုံးကို သေတ္တာအတွင်းတွင် ထည့်ထားသည်။တစ်ချက်ကြည့်လိုက်တော့ သူတို့က ခေတ်မီ ဖဲချပ်ကစားကက်တွေလိုပါပဲ။

ဖဲချပ် ကတ်များသည် ma Diao * မှ ပေါက်ဖွားလာသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမျိုးဆက်များသည် ma Diao သည် ခေတ်မီကစားကွက်များ၏ ရှေ့ပြေးပုံစံ ဖြစ်နိုင်သည်ဟု ယေဘုယျအားဖြင့် ယုံကြည်ကြသည်။အတိအကျကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။သို့သော် ဖဲချပ်ကတ်များပြုလုပ်ရန် အုပ်ထားသောစက္ကူ(coated paper)ကို အသုံးပြုရန်လိုအပ်သည်။Coated Paper သည် မူလအခြေခံစက္ကူကို အဖြူရောင်ဆေးအလွှာဖြင့် အုပ်ထားသော မြင့်မားသောကော်ပီစက္ကူအမျိုးအစားဖြစ်သည်။
[ T/N Ma Diao - wiki အရ နှောင်းပိုင်း တရုတ် အင်ပါယာအစိုးရပိုင် လောင်းကစားကတ်များ ]

The Big Landlord (MM Translation) ||Where stories live. Discover now