114.3

324 58 1
                                    

ရုပ်ပျက်ဆင်းပျက် (pt-3)

ဘဏ္ဍာထိန်း စုသည် နောက်ဆုံးတွင် စိတ်သက်သာသွားရသည်။သူသည် အန်းဇီရန်  ကိုမျက်စိစံုမှိတ်ယုံကြည်ခဲ့သည်။အန်းဇီရန် ရှိနေသရွေ့ ဘယ်လိုအခက်အခဲတွေ ကြုံလာပါစေ အားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ သူယုံကြည်သည်။

ဘဏ္ဍာထိန်း စု ထွက်ခွာသွားပြီးနောက် စကားမပြောဘဲတိတ်နေသော ဖူဝူထျန်း က ရုတ်တရက် တစ်ခုခုပြောလာသည်။
"အဲဒါက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ ဟုတ်တယ်ဟုတ်?"

အန်းဇီရန် က "တစ်ရာ ရာခိုင်နှုန်းအပြည့်ပဲ" ဟု ပေါ့ပေါ့တန်တန်ပြောသည်။

တခြားသူတွေက မပြောနိုင်ပေမယ့် သူတို့နှစ်ယောက်ရဲ့ မျက်လုံးကို ကွယ်ထားဖို့ နည်းလမ်းမရှိပါဘူး။လင်းရှင်း က သူ့သားသမီးတွေကို တကယ်တန်ဖိုးထားရင် အန်းခယ်ရှင်း ကို နှုတ်နဲ့ သတိပေးရုံတင်မက တတိယနဲ့ စတုတ္ထ ကိုယ်လုပ်တော်တွေကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ်။

အန်းယ်ရှင်း တွင် လွန်ကဲသော စရိုက်ရှိသည်။ ဒုတိယကိုယ်လုပ်တော်၏ မမွေးသေးသောသန္ဓေသားကို သတ်ရန် ကိုယ်ဝန်ဖျက်ချဆေးကို သုံးစွဲဖို့ သတ္တိရှိသောကြောင့်၊ နောက်တွင် သူမသည် အလားတူအရာများကို ထပ်မံပြုလုပ်ဦးမည်ဖြစ်သည်။

ဒါပေမယ့် လင်းရှင်း က အထူးသတိမထားခဲ့ပါဘူး။တတိယ နှင့် စတုတ္ထ ကိုယ်လုပ်တော်များ ကိုယ်ဝန် ပထမသုံးလ အတွင်း နေ့တိုင်း အလုပ် သွားသည် ။ကိုယ်လုပ်တော်တွေ၏ရင်သွေးတွေဟာ အရေးမကြီးဘူးဆိုတာ ထင်ရှားနေပါသည် ။တတိယနှင့် စတုတ္ထ ကိုယ်လုပ်တော်များနှင့် နီးစပ်ရန် အန်းယ်ရှင်း ကို အခွင့်အရေးပေးသည်ဟု ဆိုရပေမည်။


လင်းရှင်း က  အန်းခယ်ရှင်းကို မုန်းသည် ။အန်းယ်ရှင်း က သူ့အတွက် ဘာအကျိုးအမြတ်မှ မယူနိုင်ခဲ့တဲ့အတွက် သူ့ကို အနားပေးစရာ မလိုတော့ဘူး။ဒါပေမယ့် ဒါက အန်းမိသားစုနဲ့ သက်ဆိုင်တာကြောင့် အန်းယ်ရှင်း နဲ့ ကွာရှင်းလို့ အန်း မိသားစုက သူတို့ဆီ လာပြီး ပြဿနာရှာလို့ မရမည့်တရားမျှတတဲ့ အကြောင်းပြချက်တစ်ခု လိုအပ်သည် ။ယင်းက လင်းမိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေမည်မဟုတ်ကြောင်းလည်း အာမခံရပါမည်။

The Big Landlord (MM Translation) ||Where stories live. Discover now