112.2

335 49 4
                                    

မထွက်ခွာမီ(pt-2)

ယွိပေါ်ဖေး က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "နှိမ့်ချနေစရာ မလိုပါဘူး။ဒုတိယမင်းသားနဲ့ သူ့အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ရင် ဒါက မင်းနဲ့ မင်းရဲ့လက်အောက်က ညီအစ်ကိုတွေကို ဂုဏ်ပြုပါတယ်။ အချိန်တန်ရင် မင်းရဲ့ ကောင်းမှုကို အကဲဖြတ်ပြီး ဆုချပေးမယ်။"

ကုန်းယွင် က မငြင်းတော့ဘူး။အလေးပြုပြီး "ကျနော့်ညီအကိုတွေကိုယ်စား စစ်သူကြီးကို ကျေးဇူးတင်ပါတယ်။"

ယွိပေါ်ဖေး က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။




အင်ပါယာဖူနန်းတော်တွင်

အန်းဇီရန် နှင့် ဖူဝူထျန်း တို့သည် အလီရှန်း သို့ ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြီးသွားသည် ။ ထွက်ခွာမည့်ရက်ကိုလည်း သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ မှာပင် ဖြစ်ခဲ့ပါသည်။ ဒါပေမယ့် အန်းဇီရန် က ပေါင်မုန့်လေးကို ချန်ထားခဲ့ရလို့ စိတ်မချမ်းသာနိုင်ခဲ့ပါဘူး။

သူတို့၏ ဦးတည်ရာဖြစ်သော အလီရှန်း သည် ဝေးကွာပြီး လမ်းတလျှောက် ဆယ်ရက်မှ ဆယ့်ငါးရက်အထိ ကြာသွားနိုင်သည်။ ပေါင်မုန့်လေးက အရမ်းငယ်‌တယ်။သူတို့နဲ့ ဒီခရီး သွားတာက မသင့်တော်ဘူး။ဒါပေမယ့် အန်းဇီရန် က
ဝမ်ရယ်ကြီး နဲ့ အမိုးတစ်ခုတည်းအောက်မှာ 'တစ်ယောက်ထဲနေရတယ်' ဆိုတဲ့ ပေါင်မုန့် လေး ကို တွေးမိတာနဲ့ အရင်က အဖြစ်အပျက်တွေ ထပ်ဖြစ်လာမှာကို သူစိုးရိမ်နေခဲ့တယ်။

"စိတ်ချထားလိုက်ပါ။ကျွန်တော် ဝမ်ရယ်ကြီး ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေမယ်။"

ဖူယိမင် က သူ့ကို အာမခံဖို့ ရှေ့ကို တိုးလာခဲ့တယ်။သူ့မျက်နှာပေါ်က အပြုံးက ခါတိုင်းထက် ပိုကြောက်စရာကောင်းတယ်။ပြီးခဲ့သော အကြိမ်တွင်လည်း အန်းဇီရန် ကိုအလားတူ ကတိပေးခဲ့သည်။
သို့သော် ဝမ်ရယ်ကြီး သည် ကွာဟချက်တစ်ခုမှ ဖြတ်သွားသေးသည်။သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြောင့် ဒီတစ်ခါ သူအရင်တုန်းကလိုပဲ အပြစ်ကျူးလွန်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူ သတ်ပစ်လိုက်နိုင်ပါတယ်။သူ့စကားအတိုင်း နေတာကောင်းတယ်။

The Big Landlord (MM Translation) ||Where stories live. Discover now